Connect with us

Europe

မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံကို ရုရှားစစ်တပ် အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဟုဆို

မာရီယူပိုးလ်ဆိပ်ကမ်းမြို့ရှိ Azovstal စက်ရုံအား မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရုရှားစစ်တပ်က မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံအား “အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။

“စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ စက်ရုံထဲက မြေအောက်အဆောက်အအုံတွေဟာ ရုရှားစစ်တပ် ထိန်းချုပ်မှုအောက် ရောက်ရှိလာပါပြီ” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“စစ်သွေးကြွ ၅၃၁ ဦးရှိတဲ့ နောက်ဆုံးအုပ်စုဟာ ဒီကနေ့မှာပဲ လက်နက်ချခဲ့တယ်။ Azov Nazis နဲ့ ယူကရိန်း စစ်သားတွေ စုစုပေါင်း ၂,၄၃၉ ဦးဟာ မေ ၁၆ ရက်ကတည်းက လက်နက်ချခဲ့ကြတာပါ” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က စစ်ဆင်ရေးပြီးဆုံးကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်ထံ အစီရင်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Russian forces “completely liberate” Azovstal steel plant in Mariupol
Source: XinhuaEditor: huaxia2022-05-21 03:53:31

MOSCOW, May 20 (Xinhua) — Russian forces have “completely liberated” the Azovstal steel plant in Mariupol, the Russian Defense Ministry said Friday.

“The underground facilities of the enterprise, in which the militants were hiding, are in complete control of the Russian armed forces,” the ministry said in a statement.

“The last group of 531 militants surrendered today,” it said, adding that “a total of 2,439 Azov Nazis and Ukrainian soldiers had laid down their arms since May 16.”

According to the statement, Russian Defense Minister Sergei Shoigu has reported to Russian President Vladimir Putin on the completion of the operation. ■
Photo : Photo taken on May 15, 2022 shows a view of the Azovstal plant in the port city of Mariupol. (Photo by Victor/Xinhua)