Connect with us

Media

ရပ်ဝန်းနှင့် ပိုးလမ်းမက ကာဂျစ်စတန်နိုင်ငံအတွက် ဧရာမအခွင့်အလမ်းများ ဆောင်ကြဉ်းပေးလျက်ရှိ

ဘစ်ကက်ရှ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) က ကာဂျစ်စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဧရာမအခွင့်အလမ်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကာဂျစ်စတန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

ကာဂျစ်စတန်-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သလို ယနေ့ခေတ်တွင်မူ ထိုအရာများမှာ မဟာဗျူဟာ ဆက်ဆံရေးပြောင်းလဲလာခဲ့ကြောင်း ကာဂျစ်စတန်နိုင်ငံ အမျိုးသားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး Zhalyn Zheenaliev က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း တရုတ်က ကာဂျစ်စတန်ရဲ့ အဓိကရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၃ ရာခိုင်နှုန်းက တရုတ်နိုင်ငံက လာတာဖြစ်ပါတယ်” ဟု Zheenaliev က ပြောခဲ့သည်။ BRI က ဆောင်ကြဉ်းပေးခဲ့သော အခွင့်အလမ်းများမှာ Datka-Kemin လျှပ်စစ်ဓာတ်အား ထပ်ဆင့်ထုတ်လွှတ်ရေးလိုင်း၊ ဘစ်ကက်ရှ်မြို့တွင် စာသင်ကျောင်း တစ်ကျောင်းနှင့် ဆေးရုံတစ်ရုံ တည်ဆောက်ခြင်း စသည်တို့ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“ဒါ့အပြင် ဒီအဆိုပြုချက်ရဲ့ မူဘောင်အတွင်း တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှု စတင်တော့မှာဖြစ်ပါတယ်။ ဒါက ကာဂျစ်စတန် သမိုင်းမှာ မဟာဗျူဟာမြောက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ပါတယ်” ဟု Zheenaliev က ပြောခဲ့သည်။ (Xinhua)

……………………………….
(English Version)
Belt and Road brings enormous opportunities for Kyrgyzstan, says official
BISHKEK, Oct. 5 (Xinhua) — The Belt and Road Initiative (BRI) has opened up enormous development opportunities for Kyrgyzatan, a Kyrgyz official has said.
Kyrgyzstan-China relations have been developing intensively in recent decades and today they are characterized as strategic, said Zhalyn Zheenaliev, deputy director of the National Investment Agency of the Kyrgyz Republic, in a recent interview with Xinhua.
“Over the past 10 years, the main investment partner of Kyrgyzstan has been China, that is, in general, 33 percent of the attracted investments came from China,” Zheenaliev said.
Taking the opportunities brought by the BRI, major projects such as the Datka-Kemin power transmission line, a school in Bishkek and a hospital have been built, said the official.
“Moreover, within the framework of the initiative, the development of a project for the construction of the China-Kyrgyzstan-Uzbekistan railway will begin,” said Zheenaliev. “This is a strategically important moment in the history of Kyrgyzstan.”