Connect with us

Media

ကွန်ဂိုနိုင်ငံ (DRC) တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ရေအားလျှပ်စစ်စက်ရုံ ဖွင့်လှစ်

ကင်ရှာဆာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) အရှေ့တောင်ပိုင်း Lualaba ပြည်နယ်တွင် တည်ရှိပြီး တရုတ်ကုမ္ပဏီမှ ငွေကြေးပံ့ပိုး၍ တည်ဆောက်ထားသော တရုတ်-ကွန်ဂို ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်သည့် Busanga ရေအားလျှပ်စစ်စက်ရုံကို ကွန်ဂို (DRC) သမ္မတ Felix Tshisekedi က အောက်တိုဘာ ၆ ရက်၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ China Railway Resources Group နှင့် Power Construction Corporation of China တို့ ပူးတွဲရင်းနှီးမြှုပ်နှံထားသော ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၄၀ ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၃၂ ဘီလီယံခန့် ထုတ်လုပ်နိုင်သည်။ ယင်းစက်ရုံက ဒေသတွင်း သတ္တုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား ရရှိရေး ပံ့ပိုးပေးမည်ဖြစ်သလို ဒေသခံ စက်မှု၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည်ဖြစ်ကာ ဒေသခံများအတွက် လျှပ်စစ်စွမ်းအား လျော့နည်းမှုကိုလည်း သက်သာစေမည်ဖြစ်ဖြစ်သည်။ (Xinhua)

……………………………………
(English Version)
DR Congo president inaugurates Chinese-built hydroelectric plant
President of the Democratic Republic of the Congo (DRC) Felix Tshisekedi on Friday inaugurated the Busanga hydroelectric power plant, a Sino-Congolese cooperation project financed and built by Chinese enterprises, located in the southeastern province of Lualaba.
The Busanga hydroelectric plant, which was jointly invested and built by China Railway Resources Group and Power Construction Corporation of China, has an installed capacity of 240 megawatts, with an estimated average annual electricity production of 1.32 billion kWh. It will guarantee the power supply for the regional mining enterprises, promote local industrial, economic and social development, and further alleviate power vulnerability for local residents.