Connect with us

Media

တရုတ်နိုင်ငံ ပေါ်ယန်ရေကန်တွင် မိုးခေါင်ပြီးနောက် ဆူးတောင်မဲ့ လင်းရှူးများ ပြန်လည်ရောက်ရှိလာ

ကျန်းရှီး၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

“ရေပန်ဒါကြီးများ” ဟုလည်း လူသိများသော ယန်ဇီ ဆူးတောင်မဲ့ လင်းရှူးများသည် တရုတ်နိုင်ငံ ယန်ဇီမြစ်ဝှမ်းရှိ ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၏ လက္ခဏာတစ်ခုဖြစ်သည်။

အဆိုပါ မျိုးတုံးမည့်အန္တရာယ်ရှိသော မျိုးစိတ်များ၏ ထက်ဝက်နီးပါးသည် ကျန်းရှီးပြည်နယ်ရှိ နိုင်ငံ၏ အကြီးဆုံးရေချိုကန်ဖြစ်သော ပေါ်ယန်ရေကန်၌ နေထိုင်လျက်ရှိသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက ကာလရှည်ကြာ မိုးခေါင်ခြင်းကြောင့် ရေကန်အတွင်း ရေအဆင့်မှာ သိသိသာသာ လျော့နည်းလာခဲ့သည်။ ဆူးတောင်မဲ့ လင်းရှူးများ သောင်တင်နေသည်ကို တွေ့ရှိပြီးနောက် လင်းရှူး အကောင်ရေ ၁၀၀ ကျော်ကို ရေများပြားသောဧရိယာသို့ ပို့ဆောင်ခဲ့သည်။

ယခုအခါ ပေါ်ယန်ရေကန်သည် ခြောက်သွေ့သောရာသီ၌ ရှိနေဆဲဖြစ်သည်။

ဒေသဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနက အဆိုပါ မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရန် ကင်းလှည့်မှုများ ပိုမိုစီစဉ်ဆောင်ရွက်ခြင်း၊ ၎င်းတို့၏ ရှင်သန်မှုအနေအထားနှင့် ရေကန်သန့်ရှင်းရေးကို စောင့်ကြည့်ခြင်း စသည်တို့အပါအဝင် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

“အခုတော့ ဆူးတောင်မဲ့ လင်းရှူးတွေ အစားအစာနဲ့ လွတ်လပ်စွာ ကူးခတ်နိုင်မယ့် ရေပြင် လုံလောက်မှုရှိတဲ့အတွက် ကျွန်တော် သိပ်ပျော်ရွှင်ရပါတယ်” ဟု ကျန်းရှီးပြည်နယ်၊ တူးချန်းခရိုင်ရှိ ဆူးတောင်မဲ့ လင်းရှူးကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ Zhan Baishan က ပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ယန်ဇီမြစ်၏ အချက်အချာကျသော ရေပြင်အတွင်း ငါးဖမ်းမှုတားမြစ်ချိန်မှစ၍ ဆူးတောင်မဲ့ လင်းရှူးများ၏ နေထိုင်ခွင့်အခြေအနေမှာ ထူးကဲစွာ တိုးတက်လာခဲ့ကာ လင်းရှူးသားပေါက်လေးများမှာလည်း ဆက်လက်ပေါက်ဖွားလျက်ရှိသည်။

“ဒီမှာ ကျွန်တော်တို့ ဆူးတောင်မဲ့လင်းရှူးတွေ အများကြီးတွေ့နိုင်ပါတယ်။ အဲဒီထဲက ငါးကောင်၊ ခြောက်ကောင်လောက်က လင်းရှူးမကြီးတွေနဲ့ သားပေါက်လေးတွေပါ။ ကြည့်လိုက်ပါဦး။ ငါးသေးသေးလေးတွေကို စားနေကြတာ” ဟု ကျန်းရှီးပြည်နယ်၊ တူးချန်ခရိုင်ရှိ ဆူးတောင်မဲ့ လင်းရှူးကယ်ဆယ်ရေးအဖွဲ့ဝင် Yu Shunyuan က ဆိုသည်။

ထို့ပြင် ကျန်းရှီးပြည်နယ်၊ တူးချန်ခရိုင်ရှိ ဆူးတောင်မဲ့ လင်းရှူးကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ Zhan Baishan က “ကျွန်တော်တို့ ရေကန်မှာ နေ့တိုင်းကင်းလှည့်နေပါတယ်။ အခုဆိုရင် သောင်တင်နေတဲ့ ဆူးတောင်မဲ့ လင်းရှူးတွေ့ရတာ တော်တော်လေးရှားသွားပါပြီ။ ပတ်ဝန်းကျင်လည်း တိုးတက်ကောင်းမွန်လာပြီလေ။ ငါးဖမ်းခွင့် တားမြစ်တာ စတင်လိုက်ကတည်းက ငါးဖမ်းပိုက်ကွန်တွေမရှိတော့သလို သူတို့လည်း ထိခိုက်မှုမရှိနိုင်တော့ဘူး” ဟု ပြောခဲ့သည်။ (Xinhua)

……………………………………..

(English Version)
Revisiting finless porpoises after drought in China’s Poyang Lake
The Yangtze finless porpoise, known as the “giant panda of the water,” is a barometer of the ecological environment in the Yangtze River basin.

The endangered species has nearly half of its population living in Poyang Lake, the country’s largest freshwater lake in Jiangxi Province.
In November last year, the prolonged drought lowered the water level of the lake sharply. Over 100 finless porpoises were soon transferred to the deep-water area after being found stranded.

Now, Poyang Lake is still in its dry season.

The local fishery administration has beefed up efforts to protect the species, including arranging more patrols, monitoring their living status and cleaning up the lake.
SOUNDBITE 1 (Chinese): ZHAN BAISHAN, Head of the finless porpoise rescue team in Duchang County, Jiangxi Province

“I’m happy to see that the finless porpoises now have enough food and water area to swim freely.”
Since the fishing ban took effect in pivotal waters of the Yangtze River in January 2020, the living conditions of the finless porpoises have been greatly improved as newborns continue to trickle in. SOUNDBITE 2 (Chinese): YU SHUNYUAN, Member of the fishery administration team in Duchang County, Jiangxi Province

“We can see a lot of finless porpoises here, five or six of them, including mothers and their babies. Look, they are eating small fishes.”

SOUNDBITE 3 (Chinese): ZHAN BAISHAN, Head of the finless porpoise rescue team in Duchang County, Jiangxi Province

“Things go quite well this year. We patrol the lake every day, and stranded finless porpoises are rare to see now.

The environment has improved. Since the fishing ban went into effect, there is no net that could harm them.”
Xinhua News Agency correspondents reporting from Jiujiang, China.