Connect with us

Media

ရှင်းကျန်းဒေသက လွန်ခဲ့သော ငါးနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထား ၃၀,၀၀၀ နီးပါး ကိုင်တွယ်ဆောင်ရွက်ခဲ့

ဝူးလူမုချီ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)
လွန်ခဲ့သော ငါးနှစ်တာအတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတစ်ဆင့် ဖြတ်သန်းသွားလာသည့် တရုတ်-ဥရောပ ကုန်တင်ရထား အရေအတွက်သည် ၂၉,၄၀၀ စီး ကျော်လွန်သွားခဲ့ပြီး ပျမ်းမျှနှစ်စဉ် တိုးတက်မှုနှုန်း ၂၃.၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် ဒေသအစိုးရအဖွဲ့ လုပ်ငန်းအစီရင်ခံစာအရ ရှင်းကျန်းဒေသမှ ကုန်တင်ရထား ၅,၈၀၇ စီး ထွက်ခွာသွားခဲ့ပြီး ပျမ်းမျှနှစ်စဉ် တိုးတက်မှုနှုန်း ၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
“ခရီးသွားလာချိန် တိုတောင်းတာ ၊ ဘေးကင်းလုံခြုံမှု နဲ့ တည်ငြိမ်မှု မြင့်မားတာ ၊ ဂေဟစနစ်နဲ့ လိုက်လျောညီထွေရှိတာ ၊ သယ်ယူပို့ဆောင်ရေး အချိန်နဲ့ ကုန်ကျစရိတ် နည်းပါးတဲ့ ကောင်းကျိုးတွေကြောင့် တရုတ်-ဥရောပ ကုန်တင်ရထားက နိုင်ငံတကာဈေးကွက်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် တည်ငြိမ်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”ဟု Xinjiang Zhonglian Haitong International Freight Forwarding ကုမ္ပဏီမှ Chen Shijie က ပြောကြားခဲ့သည်။
တရုတ်-ဥရောပကုန်တင်ရထားများ တည်ငြိမ်ပြီး ခရီးရောက်သော ပြေးဆွဲနိုင်ရေးအတွက် ရှင်းကျန်းဒေသ၏ ရထားလမ်း နှင့် အကောက်ခွန် တာဝန်ရှိသူများက ၎င်းတို့၏ ဝန်ဆောင်မှုများအား အရှိန်မြှင့်ခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများအား ပိုမိုရှင်းလင်းလွယ်ကူစေရေး နှင့် ကုန်တင်ခြင်းလုပ်ငန်း စွမ်းဆောင်ရည် တိုးတက်စေရေးတို့အတွက် အစီအမံများစွာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………….
(English Version)
Xinjiang handles nearly 30,000 China-Europe freight trains in past five years

During the past five years, the number of China-Europe freight trains passing through northwest China’s Xinjiang Uygur Autonomous Region has exceeded 29,400, with an average annual growth rate of 23.6 percent.

According to the region’s government work report for 2023, 5,807 freight trains departed from Xinjiang, with an average annual growth rate of 9 percent.

SOUNDBITE (Chinese): CHEN SHIJIE, Xinjiang Zhonglian Haitong International Freight Forwarding Co., Ltd.
“Thanks to the merits of short travel time, high safety and stability, eco-friendliness, and low transportation time and cost, the China-Europe freight train plays an important role in stabilizing the logistics chain and the supply chain of the international market.”

To ensure the stable and efficient operation of the China-Europe freight trains, Xinjiang’s railway and customs authorities have stepped up their services and introduced a number of measures to further simplify customs clearance procedures and improve the efficiency of reloading operations.

Xinhua News Agency correspondents reporting from Urumqi, China.
(XHTV)