Connect with us

Media

ကုလသမဂ္ဂအကြီးအကဲက ဆူဒန်နိုင်ငံ၌ ပဋိပက္ခဖြေရှင်းရေး တွေ့ဆုံဆွေးနွေးရန် တောင်းဆို

ကုလသမဂ္ဂ ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆူဒန်နိုင်ငံ၌ ပဋိပက္ခဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု စတင်ရေး နှင့် စစ်ဖြစ်ပွားခြင်းအား ချက်ချင်းရပ်စဲရေးတို့အတွက် ဆူဒန် စစ်တပ် နှင့် Rapid Support တပ်ဖွဲ့တို့၏ ခေါင်းဆောင်များကို ဧပြီ ၁၇ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆူဒန်နိုင်ငံ၌ ဧပြီ ၁၅ ရက်မှစတင်ကာ ဆူဒန်စစ်တပ် နှင့် Rapid Support တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ ပြည်သူ ၉၇ ဦးထက်မနည်း သေဆုံးကာ လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီထံမှ သိရသည်။ (Xinhua)

…………………………………
(English Version)
UN chief calls for dialogue to resolve crisis in Sudan
UN Secretary-General Antonio Guterres on Monday called on leaders of the Sudanese Armed Forces and the Rapid Support Forces to immediately cease hostilities and begin a dialogue to resolve the crisis in Sudan.
Sudan has been witnessing armed clashes between the Sudanese army and the Rapid Support Forces since April 15.
At least 97 people have been killed and hundreds of others injured since the beginning of the clashes, according to the Central Committee of Sudanese Doctors, a non-governmental body.
Xinhua News Agency correspondents reporting from UN Headquarters. (XHTV)