Connect with us

China

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂြိုဟ်တုလွှတ်တင်ရေးစင်မှ အကြိမ် ၁၀၀ မြောက်ဂြိုဟ်တုလွှတ်တင်မှုပြီးစီး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Fengyun-3 07 ဂြိုဟ်တု တင်ဆောင်ထားသော Long March-4B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာရှိ ဂြိုလ်တုလွှတ်တင်ရေးစင်မှ ဧပြီ ၁၆ ရက်က Long March-4B ဒုံးပျံဖြင့် မိုးလေဝသဂြိုဟ်တုတစ်စင်း လွှတ်တင်ပြီးနောက် ၎င်း၏ ၁၀၀ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
၂၀၀၃ ခုနှစ် မေလက စတင်အသုံးပြုခဲ့သော အဆိုပါ ဂြိုဟ်တုလွှတ်တင်ရေးစင်သည် တရုတ်နိုင်ငံအတွင်း ပထမဆုံးဖြစ်ပြီး ပင်မအဆောက်အအုံအဖြစ် အခိုင်အမာအားဖြည့်ပေးလျက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ယင်းနေရာမှ နှစ်စဉ် ဂြိုဟ်တုလွှတ်တင်မှုအရေအတွက်မှာ ၁၀ ခုကျော်ရှိခဲ့ကြောင်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင် He Pengju က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းဂြိုဟ်တုလွှတ်တင်ရေးစင်က သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဒြပ်မှောင်စမ်းသပ်ရေးဂြိုဟ်တု Wukong နှင့် ကွမ်တန်သိပ္ပံပညာရပ်ဆိုင်ရာဂြိုဟ်တု Mozi အပါအဝင် ဂြိုဟ်တု အစင်းရေ ၁၉၀ ကျော် လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
Satellite launch pad completes 100th mission in NW China
JIUQUAN, April 17 (Xinhua) — A launch pad at northwest China’s Jiuquan Satellite Launch Center has completed its 100th mission, following the launch of a Long March-4B rocket that placed a new meteorological satellite in space on Sunday.
The launch pad, officially put into use in May 2003, was the first launch pad in China that had reinforced concrete as its main structure.
Over the past 20 years, the number of missions carried out on this launch pad annually has increased to more than 10, said He Pengju, an expert working at the launch center.
So far, the launch pad has placed more than 190 satellites into their planned orbits, including the dark matter probe satellite Wukong and the quantum science satellite Mozi.
Photo: A Long March-4B rocket carrying the Fengyun-3 07 satellite blasts off from the Jiuquan Satellite Launch Center in northwest China, April 16, 2023.(Photo by Wang Jiangbo/Xinhua)