Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲနှင့် လာအိုဒုတိယဝန်ကြီးချုပ်တို့တွေ့ဆုံ

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိက လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Saleumxay Kommasithနှင့် ပေကျင်းမြို့၌ ဧပြီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြောင်း သိရသည်။

CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဝမ်ရိက ပါတီနှစ်ရပ် နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ရရှိထားသော မဟာဗျူဟာမြောက် သဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊ အစဉ်အလာကောင်းသောချစ်ကြည်ရေးကို ဆက်လက်ဖော်ဆောင်ရန်၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းမှု ရှိစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုကိုမြှင့်တင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကို ပေါင်းစပ်ဆောင်ရွက်ရန် ဝမ်က တိုက်တွန်းခဲ့သည်။

“အာဆီယံရဲ့ ဗဟိုကျမှုကို ထိန်းသိမ်းရန်၊ ပွင့်လင်းတဲ့ဒေသတွင်းစံစနစ်ကို ထိန်းသိမ်းရန်၊တူညီတဲ့ မိသားစုဥယျာဉ်ကို ကာကွယ်ရန်နဲ့ ဒေသတွင်း ဖွွံ့ဖြိုးတိုးတက်ရေး၊ ရှင်သန်နိုးကြားရေးအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တည်ဆောက်ရန် တရုတ်နိုင်ငံက လာအိုနိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ’’ ဟု ဝမ်က ပြောကြားသည်။ (Xinhua)

……………………………..
(English Version)
Senior Chinese diplomat meets with Lao deputy prime minister
BEIJING, April 17 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met with Lao Deputy Prime Minister and Minister of Foreign Affairs Saleumxay Kommasith in Beijing on Monday.
Wang, also a member of the Political Bureau of the CPC Central Committee, called on the two sides to implement the strategic consensus reached by the top leaders of the two parties and countries, carry forward the traditional friendship, deepen political mutual trust, and synergize development strategies to lift bilateral ties to a new level.
“China is ready to work with Laos to uphold ASEAN centrality, uphold open regionalism, safeguard our shared home, and create a better environment for regional development and revitalization,” Wang said. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.