Connect with us

Media

တရုတ်ရေတပ်သင်္ဘောများက ဆူဒန်မှ လူပေါင်း ၆၇၈ ဦးကိုရွှေ့ပြောင်းပေး

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ရေတပ်သင်္ဘောနှစ်စင်းက ဆူဒန်နိုင်ငံမှ လူပေါင်း ၆၇၈ ဦးပါဝင်သည့် ပထမအသုတ်ကို ဧပြီ ၂၇ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ၌ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ရှိ ဆော်ဒီအာရေဗျဆိပ်ကမ်းသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ပဲ့ထိန်းတပ်ဒုံး ဖျက်သင်္ဘော နန်နင်းနှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော ဝေဆန်းဟူတို့ကို အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးအတွက် ပေကျင်းစံတော်ချိန် ဧပြီ ၂၆ ရက်က စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောများသည် သင်္ဘောပေါ်၌ အဆင်း၊ အတက်ပြုလုပ်နိုင်သော ရဟတ်ယာဉ်နှင့် အထူးတပ်ဖွဲ့ဝင်များနှင့် အရာရှိ အရေအတွက် ၄၉၀ ကျော်ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းပေးခဲ့သူများတွင် တရုတ်နိုင်ငံသား ၆၆၈ ဦးနှင့် အခြားနိုင်ငံသား ၁၀ ဦး ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ် ရွှေ့ပြောင်းပေးမှုသည် PLA ရေတပ်အနေဖြင့် နိုင်ငံရပ်ခြားရွှေ့ပြောင်းပေးရေးတာဝန် ထမ်းဆောင်ရန် သင်္ဘောများစေလွှတ်သည့် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Chinese navy vessels evacuate personnel from Sudan
Two Chinese navy vessels have successfully evacuated a first batch of 678 people from Sudan, who arrived at the Saudi Arabian port of Jeddah at around 3 p.m. Thursday Beijing time, according to an official statement.
The Chinese People’s Liberation Army (PLA) Navy’s guided-missile destroyer Nanning and comprehensive supply ship Weishanhu were dispatched to Sudan on Wednesday Beijing time for emergency evacuation.
The vessels carried a shipboard helicopter and over 490 officers and soldiers, including dozens of special forces members. The first batch of evacuated personnel consists of 668 Chinese citizens and 10 people of other nationalities.
This is the third time the PLA Navy dispatched vessels to carry out an overseas evacuation task.
Xinhua News Agency correspondents reporting from Beijing.
(XHTV)