Connect with us

Media

အီရန်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံ၌ သံတမန်ရေးရာလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ပြောကြား

တီဟီရန် ၊ မေ ၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံရှိ အီရန်သံတမန်ရေးရာဌာနသုံးခုမှ လုပ်ငန်းများပြန်လည်စတင်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။

အီရန်-ဆော်ဒီ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ရောက်ရှိရေးနှင့်ပတ်သက်၍ မတ်လတွင် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိပြီးနောက် ၎င်းတို့၏ သံတမန်ရေးရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် အီရန်နိုင်ငံ နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့၏ တိုးတက်မှုအပေါ် မှတ်ချက်ပြုရန် အပတ်စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သံတမန်ရေးရာဌာနသုံးခုမှာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်၌ အီရန်နိုင်ငံ သံရုံး ၊ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့၌ ကောင်စစ်ဝန်ရုံး နှင့် Jeddah မြို့ရှိ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအတွက် ကိုယ်စားလှယ်ရုံးတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Iran says diplomatic missions resume operations in Saudi Arabia
The Iranian Foreign Ministry spokesman said on Monday that three Iranian diplomatic missions in Saudi Arabia have resumed operations.
Nasser Kanaani made the remarks at a weekly press conference when asked to comment on the progress by Iran and Saudi Arabia to reopen their diplomatic missions following an agreement that was reached between the two countries in March on the normalization of their bilateral ties.
The three diplomatic missions are Iran’s embassy in Riyadh, a consulate general in Jeddah and a representative office to the Organization of Islamic Cooperation in Jeddah, Kanaani said.
Xinhua News Agency correspondents reporting from Tehran. (XHTV)