Connect with us

China

ဒရုန်းကိုအသုံးပြုကာ ရွှေမှောင်ခိုကုန်ကူးသော ဂိုဏ်းကို တရုတ်နိုင်ငံ ဖမ်းဆီး

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လင်းရီမြို့၊ ထန်ချိန့်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသတွင် မောင်းသူမဲ့ယာဉ်ကို အသုံးပြု၍ နိုင်ငံအတွင်းသို့ ရွှေများမှောင်ခိုကုန်ကူးသော ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း သံသယရှိသူ လေးဦးကိုဖမ်းဆီးရမိခဲ့ပြီး ရွှေ ၅.၂ ကီလိုဂရမ် သိမ်းဆည်းရမ်ခဲ့ကြောင်း မန်ကျိုးလီမြို့ ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။

အဆိုပါ ဂိုဏ်းက အသုံးပြုခဲ့သော ဒရုန်းသည် အလိုအလျောက်နေရာရှာဖွေနိုင်စွမ်းရှိပြီး အများဆုံး အလေးချိန် ၂၀ ကီလိုဂရမ် သယ်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ကာ တန်ဖိုးအားဖြင့် ယွမ် ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၆,၁၈၀ ခန့်) ရှိကြောင်း ရဲတပ်ဖွဲ့အရ သိရသည်။ (Xinhua)

……………………………
(English Version)
China busts gang that uses drone to smuggle gold
2023-05-02 13:41:15
HOHHOT, May 2 (Xinhua) — Police in north China’s Inner Mongolia Autonomous Region have busted a gang that deployed an unmanned aerial vehicle to smuggle gold nuggets into the country.
Four suspects were arrested and 5.2 kg of gold were seized in the police action in April, said the public security bureau of Manzhouli City.
The drone used by the gang can perform automatic cruising and is designed to carry a maximum weight of 20 kg. It is worth 250,000 yuan (about 36,180 U.S. dollars), according to the police.
Photo: A gold shop in Tancheng County, Linyi City, Shandong province. [File photo/Xinhua]