Connect with us

Media

ရုရှားရေနံချက်စက်ရုံ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုဖြစ်ပွား

ဗလာဒီဗော့စတော့ခ်၊ မေ ၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ တောင်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ခုအား အမည်မသိဒရုန်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက မေ ၄ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်သည် Krasnodar ဒေသ၊ Seversky ခရိုင်ရှိ Ilsky ရေနံချက်စက်ရုံတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း Krasnodar အုပ်ချုပ်ရေးမှူး Veniamin Kondratyev က ပြောကြားခဲ့သည်။

“မီးသတ်သမားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေလည်း အခင်းဖြစ်နေရာမှာရောက်ရှိနေပါပြီ” ဟု Kondratyev က ၎င်း၏လူမှုမီဒီယာပေါ်၌ ရေးသားခဲ့ပြီး အနီးဝန်းကျင်ရှိနေထိုင်သူများကိုလည်း ထိခိုက်မိခြင်း မရှိကြောင်း ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ယခုသီတင်းပတ်အတွင်း Krasnodar ဒေသ၌ ဒုတိယမြောက်ဒရုန်းတိုက်ခိုက်မှု ဖြစ်သည်။ မေ ၃ ရက် ညပိုင်းကလည်း Temryuk ခရိုင် Volna ကျေးရွာရှိ ရေနံသိုလှောင်ကန်တစ်ခုကို နောက်ထပ်ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဧရိယာ ၁,၂၀၀ စတုရန်းမီတာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Drone attack causes fire at Russian oil refinery: media
A fire broke out at an oil refinery in southern Russia after it was attacked by an unknown drone, Russia’s TASS news agency reported on Thursday.
The incident occurred at the Ilsky Oil Refinery in the Seversky district of the Krasnodar region, causing no casualties, according to Veniamin Kondratyev, governor of Krasnodar.
“Firefighters and emergency workers are already on site,” Kondratyev wrote on his social media channel, adding there was no threat to nearby residents.
This is the second drone attack on an oil facility in Krasnodar this week. On Wednesday night, another drone attack took place at an oil reservoir in Volna village in Temryuk district, causing a fire that covered an area of 1,200 square meters.
Xinhua News Agency correspondents reporting from Vladivostok, Russia.
(XHTV)