Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းတွင် မေဒေး အားလပ်ရက်အတွင်း ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖုယွင့် ဒေသရှိ Koktokay နိုင်ငံတကာနှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုတွင် ခရီးသွားများကို ၂၀၂၃ ခုနှစ် ဧပြီ ၉ ရက်က တေွ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်း ကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေ ၃ ရက်တွင် ကုန်ဆုံးသည့် ငါးရက်တာ မေဒေး အားလပ်ရက်များအတွင်း ခရီးသွား ၈ သန်း ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းပမာဏမှာ ယခင်နှစ်ကထက် ၁၄၀.၈၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။

ဒေသဆိုင်ရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာန၏အဆိုအရ အဆိုပါ အားလပ်ရက်များအတွင်း ရရှိသည့် ခရီးသွားလုပ်ငန်းမှ ဝင်ငေွစုစုပေါင်းသည် ယွမ် ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၆၉ သန်းခန့်) ကျော်လွန်ခဲ့ကြောင်း သိရသည်။

ထိုအားလပ်ရက်များအတွင်း ရှင်းကျန်းတွင် အမျိုးမျိုးသော ကဇာတ်ရုံတင်ဆက်ပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားလပ်ရက်များအတွင်း တရုတ်နိုင်ငံ၏ပြည်တွင်းခရီးစဉ်များ ယခင်နှစ်ကထက် ၇၀.၈၃ ရာခိုင်နှုန်း၊ ဝင်ငွေအားဖြင့် ၂၇၄ သန်းရရှိခဲ့သည်ဟု ခန့်မှန်းကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန က မေ ၃ ရက်၌ ပြောခဲ့သည်။ (Xinhua)

………………………………………………
(English Version)
China’s Xinjiang sees tourism rebound in May Day holiday
URUMQI, May 4 (Xinhua) — Northwest China’s Xinjiang Uygur Autonomous Region received more than 8 million tourist trips during the five-day May Day holiday, which ended on Wednesday. This marked a year-on-year increase of 140.81 percent, local authorities said.
Total tourism revenue generated during the holiday surpassed 6 billion yuan (about 869 million U.S. dollars), up 192.18 percent year on year, according to the regional culture and tourism department.
During the holiday, Xinjiang held various kinds of theatrical performances and cultural activities.
It is estimated that China’s domestic tourist trips during the holiday surged by 70.83 percent year-on-year to reach 274 million, the Ministry of Culture and Tourism said on Wednesday.
Photo: Tourists enjoy themselves at an international ski resort in Koktokay, Fuyun County, northwest China’s Xinjiang Uygur Autonomous Region, April 9, 2023. (Xinhua/Hu Huhu)