Connect with us

Media

တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို အီဂျစ်ကြိုဆို

ကိုင်ရို၊ မေ ၆ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို ကြိုဆိုကြောင်းနှင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် ပြင်ဆင်ရေးနှင့် မြှင့်တင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအာဏာပိုင်အဖွဲ့၊ နိုင်ငံတကာခရီးသွားလုပ်ငန်းရုံး အကြီးအကဲ Mohamed A. Salama က ပြောကြားခဲ့သည်။

“အီဂျစ်က တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာတွေရဲ့ ထိပ်ဆုံးမှာ ရှိနေဖို့ မျှော်လင့်ပါတယ်” ဟု အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအာဏာပိုင်အဖွဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းရုံး အကြီးအကဲ Mohamed A. Salama က ဆိုသည်။
တရုတ်ခရီးသွားဧည့်သည်များကို အီဂျစ်နိုင်ငံက အမြဲတမ်းကြိုဆိုခဲ့သလို အီဂျစ်နိုင်ငံ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အလွန်ပင်အရေးပါသည်ဟု၎င်းက ဆိုသည်။

နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆက်ဆံရေးမှာ နှစ်ဘက်လုံးအတွက် အစဉ်အမြဲ အထူးအလေးထားလျက်ရှိကြောင်း၊ အီဂျစ်နိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည် အမြောက်အမြားဝင်ရောက်လာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

တရုတ်ခရီးသွားဧည့်သည်များအတွက် အီဂျစ်နိုင်ငံက ပံ့ပိုးပေးမှုများအနက် အရေးပါဆုံးမှာ (အီဂျစ်) လေဆိပ်တွင် ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းပင်ဖြစ်ပြီး ယင်းအချက်မှာ အီဂျစ်နိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးမြှင့်ရေးအတွက် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း Mohamed A. Salama က ပြောခဲ့သည်။

တရုတ်နိုင်ငံက ယခုနှစ်ဆန်းပိုင်း၌ ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်သဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လာသော နိုင်ငံပေါင်း ၆၀ အထိရှိလာခဲ့ပြီး နိုင်ငံအများစုအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုကြိုဆိုနိုင်ရန် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Egypt welcomes arrival of more Chinese tourists: official
Mohamed A. Salama, head of the International Tourism Offices Sector at the Egyptian Tourism Promotion Authority, said that Egypt welcomes the arrival of Chinese tourists and is working on preparation and promotion work to attract more Chinese tourists.

SOUNDBITE (Arabic): MOHAMED A. SALAMA, Egyptian Tourism Promotion Authority
“We hope that Egypt will be on top of the destinations visited by Chinese tourists.
Chinese tourists are always welcomed in Egypt.
They are very important to the Egyptian economy and the Egyptian tourism.
Tourism and cultural relations between the two countries have always been of great importance to both sides.
Egypt is trying hard and making great efforts to attract a larger number of Chinese tourists to visit Egypt.
Among the most important facilitations that Egypt provides to Chinese tourists is that they can obtain their visas upon arrival at the airport (in Egypt).
I believe it will play a big role in increasing the inflow of Chinese tourists to Egypt.”
As China relaxed travel restrictions earlier this year and resumed group tours to up to 60 countries, many countries are gearing up to welcome Chinese visitors.
Xinhua News Agency correspondents reporting from Cairo.
(XHTV)