Connect with us

Media

တရုတ်အကောက်ခွန်ဌာနက စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် အစီအစဉ် ၁၆ ခု ချမှတ်

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အကောက်ခွန်အာဏာပိုင်များက နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် အစီအစဉ် ၁၆ ခုကို ကြေညာလိုက်ကြောင်း ဇွန် ၁၃ ရက်က ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်များက လူမှုရေးဆိုင်ရာမျှော်မှန်းချက်များ ပိုမိုတည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံခြားကုန်သွယ်မှုတွင် ယုံကြည်မှုမြှင့်တင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) ၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများက ထိရောက်သော နယ်စပ်ဖြတ်ကျော် ထောက်ပံ့သယ်ပို့လုပ်ငန်းများ မြှင့်တင်ရန်၊ အဆင့်မြင့်နည်းပညာကိရိယာများနှင့် အထူးကုန်စည်များ တင်သွင်းမှုကို ပံ့ပိုးပေးရန်၊ အရေးပါသော လယ်ယာနှင့် စားသောက်ကုန် ထုတ်ကုန်များ တင်သွင်းမှုနှင့် တင်ပို့မှု တိုးမြှင့်ရန်၊ ပို့ကုန်အခွန်ပြန်အမ်းငွေများ လွယ်ကူချောမွေ့စေရန်၊ ကုန်သွယ်ရေးလုပ်ငန်းစဉ် အဆင့်မြှင့်တင်မှု အဆင့်မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကြီးကြပ်မှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ထားကြောင်း GAC က ဆိုသည်။

ထို့ပြင် ဌာနအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စေရန် အစီအစဉ် ၂၃ ခုကို ၂၀၂၂ ခုနှစ်က မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု စံချိန်တင်မြင့်မားမှုရှိစေရန် ခိုင်မာသော ပံ့ပိုးမှု ပေးအပ်လျက်ရှိကြောင်း GAC တာဝန်ရှိသူ Wu Haiping က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese customs authorities adopt 16 measures to optimize business environment
BEIJING, June 14 (Xinhua) — Chinese customs authorities on Tuesday said they had launched 16 initiatives to optimize the country’s business environment.
The measures will help stabilize social expectations further and boost confidence in foreign trade, according to a press briefing of the General Administration of Customs (GAC).
Efforts have been made to improve the efficiency of cross-border logistics, support the import of advanced technology equipment and special items, promote the import and export of important agricultural and food products, facilitate export tax rebates, enhance the upgrading of trade processing, and optimize the supervision of border trade, according to the GAC.
In 2022, it introduced 23 measures to stabilize foreign trade, providing solid support to bring the scale of China’s foreign trade to a record high, according to GAC official Wu Haiping.