Connect with us

Media

တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင် မော်တော်ကားတင်ပို့သူဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ရောက်ရှိနေ

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ ၁.၀၇ သန်းအထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ခဲ့ရာ ဂျပန်နိုင်ငံအား ကျော်တက်သွားခဲ့သည်။

ယခုနှစ်ပထမငါးလအတွင်း မော်တော်ယာဉ် အစီးရေ ၁.၇၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၈၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ထုတ်လုပ်မှုနှင့် ရောင်းချမှုဈေးကွက် ဖြစ်သည့်အားလျော်စွာ ယင်းကဏ္ဍ၌ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မော်တော်ကားထုတ်လုပ်သူများ အတွက် တိုးတက်မှုအသစ်များ ဖွင့်လှစ်ပေးခဲ့သည်။

တရုတ်နိုင်ငံ၏ ဦးဆောင်မော်တော်ကားထုတ်လုပ်ရေးဖြစ်သော ရှန်ဟိုင်းမြို့အခြေစိုက် SAIC Motor သည် လျှပ်စစ်သီးသန့်သုံးမော်တော်ယာဉ်သစ်များကို အရှေ့တောင်အာရှတိုက်နှင့် ဥရောပတိုက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

တရုတ်မော်တော်ကားထုတ်လုပ်သူများသည် ဇန်နဝါရီလမှ မေလအထိ NEV မော်တော်ယာဉ် အစီးရေ ၄၅၇,၀၀၀ စီး တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁.၆ ဆ များပြားခဲ့ကြောင်း သိရသည်။  (Xinhua)

……………………………………..

(English Version)

China on track to become world’s largest auto exporter

China vehicle exports soared to 1.07 million units in the first quarter of 2023, the most in the world, outpacing Japan.

Nearly 1.76 million vehicles were exported in the first five months of this year, soaring 81.5 percent year on year.

As the world’s largest new-energy vehicle (NEV) production and sales market, China’s development in the sector has opened up new growth space for automakers.

China’s leading automaker, Shanghai-based SAIC Motor, is seeing its new pure electric vehicles being shipped to Southeast Asia and Europe.

Chinese auto manufacturers exported 457,000 units of NEVs from January to May, an increase of 1.6 times over the same period last year.