Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံမှ ပဲစိမ်းတန်ချိန် ၁၅၆,၀၀၀ ကျော် တင်ပို့နိုင်

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံမှ ပဲတီစိမ်း တန်ချိန်၁၅၆,၉၁၇ တန်ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ အကြံပေး၊ ဦးစိုးဝင်းမောင်က “ဒီနှစ်မှာ ထူးခြားတာက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ်ကို ဆောင်းပဲတီစိမ်းစိုက်တဲ့ကာလမှာ လုပ်ခဲ့တာရှိတယ်။ အခုနှစ်လည်းဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ကြားမိတော့ ပဲတီစိမ်းကို အရင်နှစ်တွေကထက် ပိုပြီးတင်ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆင်ဟွာသို့ ဇူလိုင် ၉ ရက်တွင်ပြောသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပဲတီစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၃.၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပဲတီစိမ်း ၁၂၉,၉၆၅ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆.၂၄၉ သန်းဝင်ငွေရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ ပဲတီစိမ်းတန်ချိန် ၂၆,၉၅၁ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇.၁၅၁ သန်းဖိုး ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ပဲတီစိမ်းနှင့် မတ်ပဲသည် မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသော ပဲများဖြစ်ပြီး နိုင်ငံတွင်း ပဲမျိုးစုံထွက်ရှိမှု စုစုပေါင်း၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ပဲနှင့် ပဲမျိုးစုံ စုစုပေါင်း တန်ချိန် ၄၂၄,၁၈၇.၇၀၇ တန် တင်ပို့နိုင် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

“ပဲတီစိမ်းတွေကို တိုးမြှင့်တင်ပို့နိုင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ပို့ကုန်တိုးတက်အောင်လုပ်နေကြတော့ အများစုအတွက် ကိုယ့်နိုင်ငံဝင်ငွေရော၊ တောင်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေတွေရောတိုးတက်နိုင်ပါတယ်” ဟု ဦးစိုးဝင်းမောင်က ပြောသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117