Connect with us

Media

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များအတွက် စုပေါင်း အားသွင်းသည့်နေရာက အားပြန်သွင်းခြင်းဖြေရှင်းချက်အသစ်များအား ပံ့ပိုးပေး

ဟဲဖေ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်ရှိ ဟဲဖေမြို့၏ ပထမဆုံး စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် စုပေါင်းအားသွင်းသည့်အဆောက်အအုံ စမ်းသပ်လုပ်ဆောင်မှုအား မကြာသေးမီက စတင်ခဲ့ကြောင်း သိရသည်။

အထပ် ၆ ထပ်ရှိသော အဆောက်အအုံအတွင်းရှိ ကားရပ်နားရာနေရာများအားလုံးတွင် အားသွင်းသည့်တိုင်များ တပ်ဆင်ထားသည်။ ယင်းအဆောက်အအုံတွင် လျှပ်စစ်ကုန်တင်ယာဉ်ကဲ့သို့သော မော်တော်ယာဉ်ကြီးများ အတွက် ၁၂ နေရာ ၊ အသေးစား နှင့် အလယ်အလတ် အရွယ်အစားရှိ မော်တော်ယာဉ်များအတွက် ၁၈၅ နေရာ အပါအဝင် ကားရပ်နားသည့်နေရာ ၁၉၇ နေရာ ရှိကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Charging complex provides new recharging solutions for NEVs in E China
Hefei’s first new energy vehicle charging complex building has recently begun its trial operation in east China’s Anhui Province.
Charging piles have been installed in all parking spaces in the six-story complex. The complex has a total of 197 parking lots, including 185 for small and medium-size vehicles and 12 for large vehicles such as electric trucks.
Xinhua News Agency correspondents reporting from Hefei, China.(XHTV)