Connect with us

China

တရုတ်နိုင်ငံ၏ NEV ကဏ္ဍ အရည်အသွေးမြင့်တိုးတက်မှုကို ဆက်လက်ထိန်းထားလျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ GAC Aion စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကုမ္ပဏီလီမိတက်၏ အထွေထွေတပ်ဆင်ရေးအလုပ်ရုံရှိ စစ်ဆေးရေးလိုင်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ကဏ္ဍသည် အရည်အသွေးမြင့်မားသော တိုးတက်မှုအဆင့်သစ်ဆီသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ကာ ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်ပို့မှုနှင့် အသုံးပြုမှုအလားအလာ၌ တည်ငြိမ်စွာတိုးတက်မှုရှိကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် NEV ထုတ်လုပ်မှု တိုးတက်ရေးအတွက် အားပေးလျက်ရှိသည်။ အစီးရေ သန်း ၂၀ မြောက် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် ဇူလိုင် ၃ ရက်က ထုတ်လုပ်ခဲ့ပြီး ယင်းကဏ္ဍ၌ သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူခဲ့သည်။ ယမန်နှစ် ဖေဖော်ဝါရီလတွင် စုစုပေါင်း NEV ထုတ်လုပ်မှု အစီးရေ ၁၀ သန်းကျော်သာရှိခဲ့သည်။

NEV ထုတ်လုပ်မှုပမာဏသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ၃.၇၉ သန်းနီးပါးရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၄၂.၄ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ NEV ရောင်းချမှုအနေဖြင့်မူ အစီးရေ ၃.၇၅ သန်းရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၄၄.၁ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အလားတူကာလအတွင်း စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် အစီးရေ ၅၃၄,၀၀၀ တင်ပို့ခဲ့ကာ ၂၀၂၂ ခုနှစ်ကထက် ၁၆၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။
တရုတ်နိုင်ငံ၏ အလျင်မြန်ဆုံးတိုးတက်နေသော လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူတစ်ဦးဖြစ်သည့် BYD က နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်သို့ မော်တော်ကားများ တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s NEV sector sustains high-quality development
BEIJING, July 16 (Xinhua) — China’s new energy vehicle (NEV) sector has entered a new stage of high-quality development, marked by a steady increase in output, sales, exports, and consumption potential.
The country has seen its NEV output growing exponentially. The 20 millionth NEV rolled off the production line on July 3 in the southern Chinese city of Guangzhou, marking a milestone for the sector. The accumulative NEV output only exceeded 10 million units in February last year.
In the first half of 2023, the NEV output expanded 42.4 percent year on year to nearly 3.79 million units, while the NEV sales surged 44.1 percent year on year to almost 3.75 million units, data from the China Association of Automobile Manufacturers showed.
The country exported 534,000 NEVs during the same period, expanding 160 percent from a year earlier.
BYD, one of China’s fastest-growing electric vehicle makers, has exported its automobiles to over 70 countries and regions.
Photo: This photo taken on July 3, 2023 shows the final inspection line at the general assembly workshop of GAC Aion New Energy Automobile Co., Ltd. in Guangzhou, south China’s Guangdong Province. (Xinhua/Deng Hua)