Connect with us

Media

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ဗင်ကားတစ်စီး လျှိုမြောင်အတွင်းသို့ ပြုတ်ကျကာ ခရီးသွား ၈ ဦး သေဆုံး ၊ ၉ ဦး ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Gilgit-Baltistan (GB) ဒေသ၌ ဇူလိုင် ၂၈ ရက်တွင် ခရီးသွားဗင်ကားတစ်စီး လျှိုမြောင်အတွင်းသို့ ပြုတ်ကျသွားခဲ့ပြီး လူ ၈ ဦး သေဆုံးကာ အခြားလူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် GB ဒေသ Diamer ခရိုင်အတွင်းရှိ Babusar Pass နေရာအနီး၌ ဖြစ်ပွားခဲ့ပြီး ဗင်ကားသည် ကားတစ်စီးနှင့်တိုက်မိခဲ့ပြီးနောက် လမ်းပေါ်မှ လိမ့်ကျသွားခဲ့ကြောင်း နိုင်ငံပိုင် Rescue 1122 ကယ်ဆယ်ရေးအဖွဲ့၏ ခရိုင်ညှိနှိုင်းရေးမှူး Shaukat Riaz က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
8 tourists killed, 9 injured as van falls into ravine in northern Pakistan
A tourist van plunged into a ravine in Pakistan’s northern Gilgit-Baltistan (GB) region on Friday, killing eight people while injuring at least nine others, rescue and government officials said.
The accident took place near the Babusar Pass area in the Diamer district of the GB region when the van tumbled off the road after colliding with a car, Shaukat Riaz, district coordinator of the state-run rescue organization Rescue 1122, told Xinhua.
Xinhua News Agency correspondents reporting from Islamabad.(XHTV)