Connect with us

Media

တရုတ်နိုင်ငံ ထျန်းကျင်းမြို့နှင့်တောင်အမေရိက သင်္ဘောလမ်းကြောင်းသစ် ချိတ်ဆက်ပြေးဆွဲ

ထျန်းကျင်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ထျန်းကျင်းမြို့ နှင့် တောင်အမေရိကတို့အကြား တိုက်ရိုက်သင်္ဘော လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကြောင်းတွင် Wan Hai Lines က တန်ချိန် ၃၅,၀၀၀ ရှိသော ကွန်တိန်နာသင်္ဘော ၉ စင်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ပြီး မက္ကဆီကို ၊ ပနားမား ၊ ကိုလံဘီယာ နှင့် အီကွေဒေါတို့အပါအဝင် နိုင်ငံအများအပြားရှိ ဆိပ်ကမ်းကြီးများအား ဖြတ်သန်းသွားမည် ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စားလှယ် Marc Shia ထံမှ သိရသည်။

လမ်းကြောင်းသစ်သည် သယ်ယူပို့ဆောင်ရေးအချိန်အား သုံးပုံတစ်ပုံ လျှော့ချပေးနိုင်မည် ဖြစ်သည်။ “ကုန်ပစ္စည်းတွေအနေနဲ့ တောင်အမေရိက ကနေ အထူးသဖြင့် အေးခဲပင်လယ်စာ ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ထျန်းကျန်းမြို့ကို ၂၅ ရက်အတွင်း ပို့ဆောင်ပေးနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
New shipping route links Tianjin with South America
A new direct shipping route has been launched between north China’s port city of Tianjin and South America.
Nine 35,000-tonne container vessels operated by Wan Hai Lines will serve the route, passing major ports of call in several countries, including Mexico, Panama, Colombia and Ecuador, according to company representative Marc Shia.
He said the new route will cut transportation times by a third. “Commodities, particularly frozen seafood, fruit and vegetables from South America, will be transported to Tianjin in 25 days.”
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)