Connect with us

China

တရုတ်နိုင်ငံက ပိုလျှံရေသိုလှောင်မှုဧရိယာများ ပံ့ပိုးပေးရန် ယွမ် ၁ ဘီလီယံ လျာထားသတ်မှတ်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ကျောကျိုးမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ရှင်းဖာတိ တာ့ရှီချောင် လက်ကားဈေးကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မကြာသေးမီက ဟိုင်ဟဲမြစ်ဝှမ်းဒေသတွင် ရေဖုံးလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ပိုလျှံရေသိုလှောင်ရေးအတွက် ရည်ရွယ်၍ ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၉.၆၉ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဟိုင်ဟဲမြစ်ဝှမ်းဒေသသည် မကြာသေးမီရက်များက တိုင်ဖွန်းမုန်တိုင်း Doksuri တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရပြီး ထျန်းကျင်း၊ ဟဲပေ၊ ဟဲနန် စသည့်ဒေသများရှိ ပိုလျှံရေသိုလှောင်မှုဧရိယာ ၈ ခုကို အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဧရိယာများက ရေ ကုဗမီတာ ၁.၈၅ ဘီလီယံခန့် သိုလှောင်နိုင်ခဲ့ရာ မြစ်အောက်ပိုင်းဒေသများ ရေဖုံးလွှမ်းမှုထိန်းချုပ်ရေး ဖိအားကို သက်သာလျော့ပါးစေခဲ့ကြောင်း ဝန်ကြီးဌာနများက ပြောခဲ့သည်။

ထိုရန်ပုံငွေများကို ကောက်ပဲသီးနှံ၊ တိရစ္ဆာန်မွေးမြူရေးခြံများ၊ စီးပွားဖြစ်သစ်တောများ၊ နေအိမ်များနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရား ပျက်စီးမှုများ အပါအဝင် ယင်းဒေသများရှိ နေထိုင်သူများ၏ ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်းများအတွက် လျော်ကြေးပေးနိုင်ရန်နှင့် ၎င်းတို့အား ထုတ်လုပ်မှုနှင့် လူနေမှုဘဝ ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်စတင်လည်ပတ်နိုင်ရေး အကူအညီပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနများက ဆိုသည်။ (Xinhua)

………………………………
(English Version)
China allocates 1 bln yuan to support flood storage areas
BEIJING, Aug. 9 (Xinhua) — China has earmarked 1 billion yuan (about 139.69 million U.S. dollars) to offset losses in areas in the Haihe River Basin inundated recently for flood storage purposes, according to the Ministry of Finance and the Ministry of Water Resources on Wednesday.
The Haihe River Basin suffered floods caused by rainstorms brought by Typhoon Doksuri in recent days, and eight national flood storage areas, located in Tianjin, Hebei and Henan, respectively, were put into use.
The ministries said about 1.85 billion cubic meters of water were stored, alleviating the pressure of flood control in downstream areas.
The fund will go toward compensating property losses of residents living in these areas, including damage to crops, animal and poultry farms, commercial forests, houses and agricultural machinery, to help them resume production and life as soon as possible, the ministries said.
Photo: This aerial photo taken on Aug. 9, 2023 shows a view of the Xinfadi Dashiqiao wholesale market after the floodwater receded in Zhuozhou, north China’s Hebei Province. (Xinhua/Zhu Xudong)