Connect with us

Media

တရုတ်နိုင်ငံ ဟဲပေပြည်နယ်တွင် စိုက်ပျိုးရေးပညာရှင်များက စားနပ်ရိက္ခာဆုံးရှုံးမှုလျော့ပါးစေရေး လယ်သမားများကို ကူညီပေးနေ

ရှီးကျားကျွမ်း ၊ ဩဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်ရှိ လန်ဖောင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးရေးတောင်သူများ ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် စိုက်ပျိုးရေးပညာရှင်များက စီစဉ်ပေးခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း Doksuri သက်ရောက်မှုကြောင့် ပေကျင်းမြို့နှင့်အနီးတစ်ဝိုက်ရှိ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကာ ပြီးခဲ့သောရက်များအတွင်း ပေကျင်းမြို့ရှိ ခရိုင်တစ်ချို့နှင့် ဟဲပေပြည်နယ်ရှိ ဒေသတစ်ချို့တွင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုအန်းခရိုင်တွင် စိုက်ပျိုးရေးပညာရှင်များက ပြောင်းစိုက်တောင်သူများကို အရည်အသွေး မြှင့်တင်ရေး နှင့် အထွက် တိုးရေးအတွက် ပိုးမွှားကျရောက်ခြင်းအား ကာကွယ်ထိန်းချုပ်ရန် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဂုန်ချင်းခရိုင်က ကောက်ပဲသီးနှံပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးပြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့် တောင်သူများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာဆိုင်ရာလမ်းညွှန်အဖွဲ့ ၈ ဖွဲ့အား စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Agricultural technicians in China’s Hebei help farmers reduce grain losses
Langfang City in north China’s Hebei Province has organized agricultural technicians to help farmers reduce losses caused by heavy rains and floods.
Due to the impact of Typhoon Doksuri, torrential rains battered Beijing and its surrounding regions, causing anomalous floods in several districts of the capital city and several localities in Hebei Province in the past few days.
In Gu’an County, agricultural technicians teach corn farmers to prevent and control pest infestations in order to improve quality and increase yield.
Yongqing County has sent eight technical guidance groups to check crop damages and help vegetable farmers resume production as soon as possible.
Xinhua News Agency correspondents reporting from Shijiazhuang, China.(XHTV)