Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလပတ်တွင် မြန်မာနိုင်ငံမှ ပျားရည် ၉၂၀ တန်ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံမှ ပျားရည် ၉၂၆.၉၁ တန်တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၇ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပျားရည်ကို ပိုမိုတင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအောက်ရှိ ပျားမွေးမြူရေးဌာနခွဲမှ သိရသည်။

“မြန်မာနိုင်ငံက ပျားမွေးမြူရေးခြံအများစုက အခုလက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးမှာ ရှိပါတယ်။ ဒါပေမဲ့ဒီလကုန်ရင်တော့ ဆီးပင်ရှိတဲ့နေရာပေါ့ တောဆီးပင်ရှိတဲ့နေရာ တွေဖြစ်တဲ့ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများသို့ ပြောင်းရွှေ့မွေးမြူကြမှာပါ” ဟု ဦးစိုးနိုင်ကပြောသည်။
မြန်မာနိုင်ငံသည် နှစ်စဉ်ပျားရည် တန်ချိန် ၇,၀၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလမှ ဇူလိုင်လ အတွင်း ပျားရည် အပါအဝင် မြန်မာနိုင်ငံမှ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၃၁ သန်းခန့် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117