Connect with us

Asia

ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် ၁ နှစ်အထိ ပြစ်ဒဏ်လျှော့ချပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (လယ်) ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ကနဦးထောင်ဒဏ် ၈ နှစ် သတ်မှတ်ထားရာမှ ၁ နှစ်အထိ ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း စက်တင်ဘာ ၁ ရက်၌ ကြေညာခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသည် နှစ်ပေါင်း ၁၅ နှစ်ကြာ ပြည်ပ၌ တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် လွန်ခဲ့သော ၁၀ ရက်အကြာက ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ထိန်းသိမ်းခြင်းခံခဲ့ရကာ ထောင်ဒဏ် ၈ နှစ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

သက်ဆင်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မူ ပြည်ပသို့ တိမ်းရှောင်ထွက်ခွာနေထိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Thai king reduces prison term of ex-PM Thaksin to 1 year
BANGKOK, Sept. 1 (Xinhua) — The Thai king on Friday announced a reduction in the prison sentence of former Prime Minister Thaksin Shinawatra from an initial eight years to one year.
The 74-year-old former prime minister ended his exile of over 15 years and returned to Thailand 10 days ago, but was soon detained and faced an 8-year prison sentence.
Thaksin was Thailand’s premier from 2001 to 2006 but had been in self-exile abroad since 2008.
Photo: Thailand’s former Prime Minister Thaksin Shinawatra (C) arrives at Don Mueang International Airport in Bangkok, Thailand, Aug. 22, 2023. (Xinhua/Rachen Sageamsak)