Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် အများသုံး ရေချိုးခန်း မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၏ မြင်ကွင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဘူဆန်မြို့ရှိ အများသုံးရေချိုးခန်းတစ်ခုတွင် စက်တင်ဘာ ၁ ရက်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဝေခွဲရခက်သော ပေါက်ကွဲမှုများကြောင့် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဆိုးလ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၂၀ အကွာ ဘူဆန်မြို့ရှိ ရေချိုးခန်းမှ ဒေသစံတော်ချိန် မွန်းလွဲ ၁:၄၀ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားများက နောက်ပိုင်းတွင် ပင်မမီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အမည်မဖော်နိုင်သော ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး မီးသတ်သမားများနှင့် အစိုးရဝန်ထမ်းများ အပါအဝင် လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း ရေချိုးခန်းကို ယင်းနေ့တွင် ပိတ်ထားသောကြောင့် ရေလာချိုးသူဧည့်သည်များမှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အဆိုပါမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
17 injured in S. Korea’s public bathhouse fire, explosion
SEOUL, Sept. 1 (Xinhua) — Seventeen people were injured on Friday as unexplained explosions occurred after a fire broke out at a public bathhouse in South Korea’s southeastern city of Busan, according to Yonhap news agency.
The fire started from the bathhouse in Busan, some 320 km southeast of Seoul, at about 1:40 p.m. local time (0440 GMT), but firefighters brought the main flame under control later.
Unidentified explosions struck the site twice, wounding 17 people that included firefighters and civil servants.
Among the wounded, two people were in a critical condition, but no customer injury was reported as the bathhouse was closed for the day.
The police and the firefighting authorities were investigating the exact cause of the accident. Enditem
Photo taken on Dec. 1, 2021 shows a city view of Seoul, South Korea. (Xinhua/Wang Yiliang)