Connect with us

Media

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက ဂျိုးဘိုင်ဒန်အား စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေး တောင်းဆို

ဝါရှင်တန်ဒီစီ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပက်ဘလစ်ကန်ပါတီဝင်တစ်ဦးဖြစ်သည့် Kevin McCarthy က ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်အား လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း စွပ်စွဲချက်များဖြင့် စွဲချက်တင်ရန် စုံစမ်းစစ်ဆေးမှုပြုလုပ်ရေး စက်တင်ဘာ ၁၂ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။

“သမ္မတဂျိုးဘိုင်ဒန်ကို တရားဝင်စွဲချက်တင်ဖို့ စုံစမ်းစစ်ဆေးမှုလုပ်ရန် အောက်လွှတ်တော်ကော်မတီတွေကို ညွှန်ကြားထားပါတယ်” ဟု McCarthy က သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ၏ စုံစမ်းစစ်ဆေးမှုတွင် ၂၀၂၁ ခုနှစ်က ဂျိုးဘိုင်ဒန် သမ္မတတာဝန်မထမ်းဆောင်မီကတည်းက ၎င်း၏သားဖြစ်သူ ဟန်တာဘိုင်ဒန်၏ စီးပွားရေးဆက်ဆံမှုအား ရီပက်ဘလစ်ကန်များက စုံစမ်းစစ်ဆေးခဲ့သောကြောင့် ဘိုင်ဒန်မိသားစုတွင် လာဘ်ပေးလာဘ်ယူမှု လုပ်ဆောင်သော အလေ့အကျင့်အား တွေ့ရှိခဲ့ကြောင်း McCarthy က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
U.S. House speaker calls for impeachment inquiry into Biden
U.S. House of Representatives Speaker Kevin McCarthy, a Republican, on Tuesday called for opening an impeachment inquiry into Democratic President Joe Biden, citing allegations of corruption.
“I am directing our House committees to open a formal impeachment inquiry into President Joe Biden,” McCarthy told reporters at the Capitol.
McCarthy said the House Oversight Committee’s investigation has found a “culture of corruption” around the Biden family as Republicans probe the business dealings of his son, Hunter Biden, from before the president took office in 2021.
Xinhua News Agency correspondents reporting from Washington D.C.(XHTV)