Connect with us

Asia

တရုတ်-ကမ္ဘောဒီးယား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲလေ့ကျင့်မှု အောင်မြင်စွာပြီးဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် "Peace Angel-2023" လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲလေ့ကျင့်မှု ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်လာသော တရုတ်တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်-ကမ္ဘောဒီးယား “Peace Angel-2023” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားတော်ဝင်တပ်မတော် အထူးတပ်ဖွဲ့ကွပ်ကဲရေးဌာနတွင် စက်တင်ဘာ ၂၁ ရက်က အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပူးတွဲလေ့ကျင့်မှု ပိတ်သိမ်းခြင်းအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha ၊ တရုတ်နိုင်ငံ လေ့လာရေးအဖွဲ့ ခေါင်းဆောင် Wang Shuqian နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြည်ပနိုင်ငံများမှ စစ်သံမှူးများ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ စစ်တပ်များက လေ့ကျင့်တင်ဆက်ခဲ့ကြသည်။

ပူးတွဲလေ့ကျင့်မှုတွင် နှစ်နိုင်ငံ စစ်သားများက သဘာဝဘေးအန္တရာယ်သင့်နေရာများတွင် ရှာဖွေ၊ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ ဖျားနာ၊ ဒဏ်ရာရသူများကို ကုသပေးခြင်းနှင့် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ပူးတွဲလေ့ကျင့်မှုက နှစ်နိုင်ငံစစ်တပ်များကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုအတွက် စမှတ်သစ်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ခြင်းနှင့် အေးအတူ ပူအမျှအသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်း၌ နှစ်နိုင်ငံအတွက် ကြီးမားအရေးပါမှုလည်း ဖြစ်ကြောင်း Seiha ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China-Cambodia joint humanitarian exercise concludes successfully
PHNOM PENH, Sept. 22 (Xinhua) — The China-Cambodia “Peace Angel-2023” joint humanitarian exercise came to a successful end on Thursday at the Royal Cambodian Army’s Special Forces Command in Phnom Penh, capital of Cambodia.
Cambodian Deputy Prime Minister and Defence Minister Tea Seiha and leader of the Chinese observation group Wang Shuqian, as well as military attaches of foreign countries to Cambodia attended the closing ceremony in which a joint humanitarian rescue exercise was performed by both militaries.
In the joint exercise, both soldiers conducted disaster site search and rescue, treated the sick and wounded, and prevented and controlled communicable diseases.
Speaking at the event, Seiha said the joint exercise was a new starting point for solidarity and cooperation between the two militaries and friendship between the two peoples, and was of great significance for the two countries in developing a comprehensive strategic partnership of cooperation and in building a community with a shared future.
Photo 1, 2: Chinese soldiers attend the opening ceremony of the “Peace Angel-2023” joint humanitarian exercise in Phnom Penh, Cambodia on Sept. 16, 2023. (Photo by Ly Lay/Xinhua)