Connect with us

Media

ဟန်ကျိုးအာရှအားကစားပွဲတွင် ကမ္ဘောဒီးယားအားကစားသမား ၁၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဖနွမ်းပင် ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော် ဟန်ကျိုး၌ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတွင် ကမ္ဘောဒီးယားနိုင်ငံက အားကစားသမား ၁၁၄ ဦး အပါအဝင် အားကစားကိုယ်စားလှယ်အဖွဲ့ ၁၈၉ ဦး တက်ရောက်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား အိုလံပစ်အကြီးအကဲက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအားကစားသမားများသည် ပြေးခုန်ပစ် ၊ ရေကူး ၊ ဘော်လီဘောနှင့် ဘတ်စကက်ဘော အပါအဝင် အားကစားနည်း ၁၇ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thong Khon က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
114 Cambodian athletes to compete in Hangzhou Asian Games
Cambodia’s 189-member sports delegation, including 114 athletes, will attend the 19th Asian Games in Hangzhou, capital of east China’s Zhejiang Province from September 23 to October 8, the country’s Olympic chief said on Wednesday.
Thong Khon, president of the National Olympic Committee of Cambodia, said Cambodian athletes will compete in 17 sports, including athletics, swimming, volleyball and basketball.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)