Connect with us

Media

အစ္စရေးက ပင်လယ်သေအနီးတွင် နှစ်ပေါင်း ၁,၉၀၀ သက်တမ်းရှိ ရောမခေတ်ဓါးရှည်များ ရှာဖွေတွေ့ရှိ

ဂျေရုဆလမ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အစ္စရေးရှေးဟောင်းသုတေသနပညာရှင်များက လွန်ခဲ့သော နှစ်ပေါင်း ၁,၉၀၀ ခန့်က သိုဝှက်သိမ်းဆည်းထားသည့် ရှားပါး ရောမခေတ်ဓါးရှည်များအား တူးဖော်တွေ့ရှိခဲ့ကြောင်း အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ (IAA) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသိုဝှက်သိမ်းဆည်းထားသည့်လက်နက်များတွင် လှံထိပ်ဖူးနှင့်အတူ သစ်သားနှင့် သားရေဓားအိမ်များဖြင့် ပြုလုပ်ထားသည့် ရောမခေတ်ဓါးရှည် လေးချောင်းပါဝင်ကြောင်း IAA က ပြောကြားခဲ့သည်။

ယင်းလက်နက်ပစ္စည်းများကို ပင်လယ်သေအနောက်ဘက်ကမ်းခြေအနီး Ein Gedi သဘာဝသစ်တောကြိုးဝိုင်းရှိ လိုဏ်ဂူငယ်တစ်ခု၏ လက်လှမ်းမမီနိုင်သော ကျောက်နံရံအက်ကြောင်းနှစ်ခုတွင် သိုဝှက်သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Israel discovers 1,900-year-old Roman swords near Dead Sea
Israeli archaeologists discovered a rare cache of Roman swords dated back about 1,900 years, the Israel Antiquities Authority (IAA) said in a statement on Wednesday. The cache includes four Roman swords in their wooden and leather scabbards, alongside a pilum head, all exceptionally well-preserved, the IAA said.
They were found stashed away in two almost inaccessible crevices of a small cave in the Ein Gedi Nature Reserve near the western shore of the Dead Sea.
Xinhua News Agency correspondents reporting from Jerusalem.(XHTV)