Connect with us

Media

တရုတ်-စင်ကာပူ “Cooperation-2023” ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

စင်ကာပူ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်-စင်ကာပူ “Cooperation-2023” ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်သည့်အခမ်းအနားကို စက်တင်ဘာ ၆ ရက် ညနေပိုင်းက စင်ကာပူ ကြည်းတပ် အမှတ် ၃ တပ်မ Jurong စခန်းတွင် ကျင်းပခဲ့ရာ နှစ်နိုင်ငံ စစ်တပ်မှ အရာရှိနှင့်တပ်ဖွဲ့ဝင် ၂၈၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ်လေ့ကျင့်မှုသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း တရုတ်-စင်ကာပူ နှစ်နိုင်ငံ ကြည်းတပ်များအကြား ၄ နှစ်ခြားပြီးမှ ကျင်းပသည့် “Cooperation” စီးရီး ပူးတွဲလေ့ကျင့်ရေး ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် လေ့ကျင့်ရေး၌ ပါဝင်သည့် နှစ်နိုင်ငံ စစ်တပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များက တန်းစီ၍ နှစ်ဖက်ပူးတွဲလေ့ကျင့်ရေး တပ်မှူးများက စစ်ဆေးကြည့်ရှုခဲ့ကြသည်။

တရုတ်နိုင်ငံဘက်မှ ပူးတွဲလေ့ကျင့်ရေး တပ်မှူးက အမှာစကား ပြောကြားရာတွင် ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် နှစ်ဖက်စလုံးက အရည်အသွေးပြည့်ဝသော အင်အားများကို စေလွှတ်ထားခြင်း ဖြစ်ကြောင်း၊ မြို့ပြ အကြမ်းဖက်တိုက်ဖျက်ရေးကို ဗဟိုပြု၍ နည်းပညာစွမ်းရည်ဖလှယ်မှုနှင့် ဘက်စုံလေ့ကျင့်ရေးများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက အပြန်အလှန် သင်ယူဖလှယ်ခြင်း၊ လက်တွေ့စစ်ရေးစွမ်းရည်ကို လေ့ကျင့်ခြင်း၊ ပူးတွဲလေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ကောင်းမွန်အောင်ဆောင်ရွက်ခြင်း ဖြစ်ရာ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံဘက်မှ ပူးတွဲလေ့ကျင့်ရေး တပ်မှူးက ၂၀၀၉ ခုနှစ်မှစ၍ ကွေ့လျင်မြို့တွင် တရုတ်-စင်ကာပူ “Cooperation-2009” ကြည်းတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက်ပိုင်း နှစ်နိုင်ငံစစ်တပ်ဖလှယ်ရေးများကို ဆက်တိုက်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် “Cooperation” စီးရီး ပူးတွဲလေ့ကျင့်မှုများမှတစ်ဆင့် နှစ်ဖက် အပြန်အလှန် ယုံကြည်မှုများ ထပ်မံတိုးပွားလာရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် ခိုင်မာစွာ ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
中新“合作-2023”陆军联合训练开始
新华社新加坡9月7日电(记者李䶮 程锡南)中新“合作-2023”陆军联合训练开始仪式6日下午在新加坡陆军第3师裕廊营区举行,中新两军280余名官兵参加仪式。这是继2019年后,中新两国陆军时隔4年再次组织“合作”系列联合训练。
仪式上,两军参训官兵整齐列队,接受中新双方联训指挥员检阅。中方联训指挥员在致辞中表示,此次联训双方都派出了精锐力量,将围绕联合城市反恐作战展开技能交流和综合演练,希望通过此次联训加强交流互鉴,锤炼实战能力,完善联训合作机制,为维护地区和平稳定发挥积极作用。
新方联训指挥员表示,自2009年首次在桂林举办中新“合作-2009”陆军联合训练以来,两军持续加强交流,举办了多届联合训练。新方希望通过“合作”系列联演联训,进一步增加双边互信,继续巩固两国亲密友好的合作关系。