Connect with us

Media

မော်ရိုကိုနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၉၆ ဦး အထိ မြင့်တက်လာ

ရာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက် ည ၁၁:၁၁ နာရီက အင်အား ၆.၈ ပမာဏရှိသော အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၉၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးက ပြောကြားခဲ့သည်။

ငလျင်ဗဟိုချက်မှာ Marrakesh မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာ၊ မြေအောက်အနက် ၁၈.၅ ကီလိုမီတာ၊ မြောက်လတ္တီကျု ၃၁.၁၁ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၈.၄၄ ဒီဂရီဖြစ်ကြောင်း ကနဦးတိုင်းတာချက်အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် မော်ရိုကိုနိုင်ငံ မြောက်ပိုင်း Fes မြို့ ဒေသခံများက နောက်ဆက်တွဲငလျင်များ လှုပ်ခတ်မည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ကြကာ လမ်းမများပေါ်၌ စုဝေးနေခဲ့ကြကြောင်း ယင်းမြို့ရှိ ဆင်ဟွာသတင်းထောက်က ပြောသည်။

ငလျင်လှုပ်ခတ်မှုကို ရာဘတ်မြို့နှင့် Casablanca မြို့ အပါအဝင် မော်ရိုကိုနိုင်ငံတစ်ဝန်းရှိ မြို့များစွာ၌ သိရှိခံစားခဲ့ရကြောင်း၊ Taroudant နှင့် Marrakesh မြို့များရှိ နေအိမ်များစွာ ပြိုကျခဲ့ကြောင်း ဒေသတွင်းမီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

……………………………………..
(English Version)
296 dead in Morocco earthquake: authorities
The death toll from a strong earthquake that struck Morocco has risen to 296 after a 6.8-magnitude earthquake at 11:11 p.m. local time (2211 GMT) on Friday, the U.S. Geological Survey said.
The epicenter, with a depth of 18.5 km, was initially determined to be at 31.11 degrees north latitude and 8.44 degrees west longitude, some 70 kilometers southwest of Marrakesh.
After the earthquake, residents of Fes, a city in northern Morocco, left their homes and gathered in the streets out of concern for potential aftershocks, a Xinhua correspondent at the city said.
The earthquake was felt in many cities across Morocco, including Rabat and Casablanca. Many houses collapsed in the cities of Taroudant and Marrakesh, local media reported.
Xinhua News Agency correspondents reporting from Rabat. (XHTV)