Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၃၂ ဦးအထိရှိလာ

မော်ရိုကိုနိုင်ငံ Ouarzazate မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် လဟာပြင်နေရာတွင် ငလျင်ဒဏ်ကြောင့် ယာယီတိမ်းရှောင်နေသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၉ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၆၃၂ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ငလျင်ကြောင့် လူပေါင်း ၃၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၅၁ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးရအချက်အလက်များအရ သိရသည်။

အင်အား ၆.၈ ရှိသော အင်အားပြင်းငလျင်သည် မော်ရိုကိုနိုင်ငံ၌ စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် ည ၁၁:၁၁ နာရီ၌ လှုပ်ခတ်ခဲ့ပြီး Marrakesh မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၇၀ အကွာ၌ မြေအောက်အနက် ၁၈.၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Deaths from Morocco earthquake rise to 632
RABAT, Sept. 9 (Xinhua) — The death toll from a strong earthquake that struck Morocco Friday night has risen to 632, said the country’s Interior Ministry on Saturday.
Meanwhile, the earthquake has so far injured 329 others, including 51 in critical condition, according to the latest update of the ministry.
A 6.8-magnitude earthquake hit Morocco Friday at 11:11 p.m. local time (2211 GMT) at a depth of 18.5 km some 70 km southwest of Marrakesh, said the U.S. Geological Survey. Enditem
Photo: This photo taken with a mobile phone shows residents taking shelter at an open space after an earthquake in Ouarzazate, Morocco, Sept. 9, 2023. (Xinhua/Wang Dongzhen)