Connect with us

Media

တရုတ်နှင့် အမေရိကန် ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်၊ တည်တံ့စွာ တိုးတက်မှု မြှင့်တင်ရေး စုပေါင်းအားထုတ်ကြိုးပမ်းရန် အသင့်ရှိကြောင်း ရှီပြော

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်၊ တည်တံ့စွာ တိုးတက်မှု မြှင့်တင်ရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။ သမ္မတ ရှီက အမေရိကန်-တရုတ် စီးပွားရေးကောင်စီ နှစ်ပေါင်း ၅၀ ပြည့် နှစ်ပတ်လည်ညစာစားပွဲသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ “တရုတ်နိုင်ငံက အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများအရ (ဆန်ဖရန်စစ္စကို) အစည်းအဝေးရဲ့ ထုတ်ပြန်ချက်တွေကို အကောင်အထည်ဖော်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်၊ တည်တံ့စွာ တိုးတက်ဖို့ မြှင့်တင်ရေးအတွက် အမေရိကန်နဲ့ စုပေါင်းအားထုတ်ကြိုးပမ်းရန် အသင့်ရှိပါတယ်” ဟု ရှီက သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Xi says China ready to make concerted efforts with U.S. to promote healthy, stable, sustainable development of bilateral ties
BEIJING, Dec. 15 (Xinhua) — Chinese President Xi Jinping said on Friday that China is ready to work with the U.S. side to promote the healthy, stable and sustainable development of bilateral relations.
Xi made the remarks in a congratulatory message to the gala dinner celebrating the 50th anniversary of the U.S.-China Business Council.
“China is ready, in principles of mutual respect, peaceful coexistence and win-win cooperation, to make concerted efforts with the United States to implement the deliverables of the (San Francisco) meeting and promote healthy, stable and sustainable development of our bilateral relations,” Xi said.