Connect with us

Media

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် သန်းခေါင်ယံအချိန် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိမြင့်တက်လာ

Jishishan ၊ ကန်းစုပြည်နယ်/ရှီးနန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ လူမျိုးစုခရိုင်တစ်ခုတွင် ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်ယံအချိန်က အဆင့် ၆.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကန်းစုပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ချင်းဟိုင်ပြည်နယ်၌ လူပေါင်း ၁၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရငလျင်ကယ်ဆယ်ရေး ဌာနချုပ်များအရ သိရသည်။

အဆိုပါ ငလျင်သည် ဒီဇင်ဘာ ၁၈ ရက် ည ၁၁:၅၉ နာရီက မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ဖော်ပြထားသည်။ ငလျင်ဗဟိုချက်မှာ ကန်းစုပြည်နယ်၊ Linxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ Jishishan Bao’an, Dongxiang, Sala ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ ၈ ကီလိုမီတာခန့်အကွာရှိ Liugou မြို့နယ်ဖြစ်သည်။

ငလျင်ကြောင့် နေအိမ်များ၊ လမ်းများနှင့် အခြားအခြေခံအဆောက်အအုံများ ပျက်စီးသွားခဲ့ကြောင်း မျက်မြင်သက်သေများက ဆင်ဟွာအား ပြောခဲ့သည်။ ကျေးရွာများစွာတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီး ရေပေးဝေမှုများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Jishishan ရှိ နေ့စဉ် အပူချိန်ကျဆင်းမှုမှာ ဒီဇင်ဘာ ၁၉ ရက်၌ အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ဒေသန္တရမိုးလေဝသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနကလည်း ကယ်ဆယ်ရေးသမား ၅၈၀ ဦး၊ မီးသတ်ကား ၈၈ စီး၊ ရှာဖွေကယ်ဆယ်ရေးခွေး ၁၂ ကောင်၊ ကယ်ဆယ်ရေးကိရိယာ အစုံ ၁၀,၀၀၀ ကျော်ကို ငလျင်ဒဏ်သင့်နေရာသို့ ပို့ဆောင်ခဲ့သည်။
မီးရထားလုပ်ငန်းကလည်း ခရီးသည်တင်နှင့် ကုန်တင်ရထားများကို ငလျင်ဒဏ်သင့်ဇုန်မှတစ်ဆင့် ဖြတ်သန်းသွားလာခြင်းကို ဆိုင်းငံ့ထားပြီး ရထားလမ်းပိုင်းများ ဘေးကင်းရေးစစ်ဆေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ကန်းစုပြည်နယ် ပါတီခေါင်းဆောင် Hu Changsheng နှင့် ကန်းစုပြည်နယ် အုပ်ချုပ်ရေးမှူး Ren Zhenhe တို့ကလည်း ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး ကြီးကြပ်ကွပ်ကဲနိုင်ရန် ငလျင်ဒဏ်သင့်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
Midnight earthquake death toll rises to 111 in NW China
JISHISHAN, Gansu Province/XINING, Dec. 19 (Xinhua) — The 6.2-magnitude earthquake that jolted an ethnic county in northwest China’s Gansu Province midnight Monday has killed 111 people in Gansu and neighboring Qinghai Province, according to local earthquake relief headquarters.
According to China Earthquake Networks Center, the quake jolted at 11:59 p.m. Monday and has a focal depth of 10 km. The epicenter Liugou Township is about 8 km from the county seat of Jishishan Bao’an, Dongxiang, Sala Autonomous County in Linxia Hui Autonomous Prefecture, Gansu.
Witnesses told Xinhua the earthquake has caused damages on houses, roads and other infrastructures. Several villages have suffered power failures and disruption of water.
According to local meteorological authorities, the daily low temperature in Jishishan is reported to reach minus 10 degrees Celsius on Tuesday.
The provincial fire and rescue department has sent 580 rescuers aided with 88 fire engines, 12 search and rescue dogs, more than 10,000 sets of equipment to the disaster area.
The railway authority has suspended passenger and cargo trains passing through the quake zone and ordered a safety check of railway tracks.
Hu Changsheng, Party chief of Gansu, and Ren Zhenhe, governor of Gansu, have rushed to the disaster area to command rescue and relief.