Connect with us

Media

တရုတ်နိုင်ငံ တာ့လျန်မြို့နှင့် ဂျပန်နိုင်ငံ Kitakyushu မြို့အား ချိတ်ဆက်ထားသည့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်စတင်

တာ့လျန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်မြို့နှင့် ဂျပန်နိုင်ငံ Kitakyushu မြို့တို့အား ချိတ်ဆက်ထားသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်အား COVID-19 ကပ်ရောဂါကြောင့် လေးနှစ်နီးပါးကြာ ရပ်နားထားပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ယင်းလေကြောင်းခရီးစဉ်ပြေးဆွဲသော ထျန်းကျင်းလေကြောင်းလိုင်းက ဇန်နဝါရီ ၈ ရက်မှစတင်ကာ ခရီးစဉ်များကို တနင်္လာနေ့နှင့်သောကြာနေ့များတွင် ပျံသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါလေကြောင်းခရီးစဉ်အား ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Direct air route linking China’s Dalian, Japan’s Kitakyushu resumed
A direct air route linking Dalian, a city in northeast China, and Japan’s Kitakyushu was resumed on Monday, after a hiatus of almost four years due to the COVID-19 pandemic.

Tianjin Airlines, the operator of the air route, is scheduled to carry out flights on Mondays and Fridays, starting from Monday.
The air route was launched in August 2019 and was suspended in February 2020.
Xinhua News Agency correspondents reporting from Dalian, China.(XHTV)