Connect with us

Media

တရုတ်နိုင်ငံက စကြဝဠာ အံ့ဖွယ်ဖြစ်ရပ်ကို လေ့လာရန် ဂြိုဟ်တုအသစ် လွှတ်တင်

ရှီးချန်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စကြဝဠာ၏ ပြင်းထန်၍ လူသိနည်းသော ဖြစ်ရပ်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်လျက် စကြဝဠာအတွင်း မီးရှူးမီးပန်းများပုံစံနှင့် ဆင်တူသော အံ့ဖွယ်ယာယီဖြစ်ပေါ်နေမှုကို လေ့လာရေးအတွက် နက္ခတ္တဗေဒဆိုင်ရာ ဂြိုဟ်တုအသစ်တစ်စင်းကို အာကာသအတွင်းသို့ ဇန်နဝါရီ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Einstein Probe (EP) ဟု အမည်ပေးထားသော ဂြိုဟ်တုသည် ကျောက်ပုစွန်မျက်လုံးအား စိတ်ကူးရယူလျက် X-ray ရှာဖွေရေးနည်းပညာသစ်ကို အသုံးပြုထားခြင်းဖြစ်သည်။ အဆိုပါ ဂြိုဟ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် မွန်းလွဲ ၃:၀၃ နာရီက လွှတ်တင်ခဲ့သည်။ ယခုအကြိမ်လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၀၆ ကြိမ်မြောက် မစ်ရှင်လည်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
China launches new satellite for violent cosmic phenomena observation
XICHANG, Jan. 9 (Xinhua) — China sent a new astronomical satellite into space on Tuesday to observe mysterious transient phenomena in the universe comparable to the flickering of fireworks, with the aim of unveiling the violent and little-known aspects of the cosmos.
The satellite, named Einstein Probe (EP), uses a new X-ray detection technology inspired by the lobster eye. It was launched at 3:03 p.m. (Beijing Time) by a Long March-2C carrier rocket from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The launch was the 506th mission for the Long March series carrier rockets.