Connect with us

Media

ကမ္ဘောဒီးယားက ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄.၃ ဘီလီယံ ရရှိ ၊ တရုတ်နိုင်ငံက အဓိကဝယ်ယူသူဖြစ်

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေး ၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံနှင့်ဒေသ ၇၅ ခုခန့်သို့ ကမ္ဘောဒီးယားနိုင်ငံက စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၈.၄၅ သန်းနီးပါး တင်ပို့ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

တင်ပို့သည့် အဓိကစိုက်ပျိုးရေးထွက်ကုန်များတွင် ဆန် ၊ ရာဘာ ၊ ပီလောပီနံ ၊ သရက်သီး ၊ လတ်လတ်ဆတ်ဆတ် ဌက်ပျောသီး ၊ ပန်းငရုတ် ၊ သီဟိုဠ်သရက်စေ့ ၊ တောကြက်မောက်သီး ၊ ပြောင်းဖူး ၊ စားဆုံးဆီတို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံများမှာ တရုတ်နိုင်ငံ ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Cambodia earns 4.3 bln USD from export of agricultural products in 2023, with China being major buyer
Cambodia made a gross revenue of 4.3 billion U.S. dollars from the export of agricultural products in 2023, said a Ministry of Agriculture, Forestry and Fisheries (MAFF) report on Monday.
The Southeast Asian country shipped almost 8.45 million tons of agricultural products to about 75 countries and regions during the January-December period last year, the report said.
Key agricultural items for exports included rice, rubber, cassava, mangoes, fresh bananas, pepper, cashew nuts, longan, corn, and palm oil, among others.
China, Vietnam and Thailand are the major importers of Cambodia’s agricultural items.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)