Connect with us

Media

ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဆက်ဆံရေးမြှင့်တင်ရန် သဘောတူ

မနီလာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နှင့်အင်ဒိုနီရှား နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းလာစေရေး ဇန်နဝါရီ ၁၀ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဖိလစ်ပိုင်နိုင်ငံသို့ သုံးရက်ကြာ တရားဝင်ခရီးစဉ်အတွင်း မနီလာမြို့၌ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် ရာမိုဒက်ဇ် မားကို့စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတအိမ်တော်၌ တွေ့ဆုံမှုများပြီးနောက် ဂျိုကိုဝီဒိုဒိုက ဈေးကွက်အခွင့်အလမ်းဖွင့်လှစ်ခြင်းအားဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် နည်းလမ်းများကို မားကို့စ်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Philippines, Indonesia agree to boost ties
The leaders of the Philippines and Indonesia on Wednesday agreed to strengthen bilateral ties.
Indonesian President Joko Widodo was received in the morning by his Philippine counterpart Ferdinand Romualdez Marcos during a three-day official visit in Manila.
After the meeting in the presidential palace, Widodo said during a news conference that he discussed with Marcos ways to enhance trade by opening market access.
Xinhua News Agency correspondents reporting from Manila.(XHTV)