Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးပင်လယ်ကူးသင်္ဘောကြီး စီးပွားဖြစ် ပွဲဦးထွက် ရေကြောင်းခရီးစဉ် စတင်

ရှန်ဟိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အချက်ပြဥဩဆွဲသံများပြီးနောက် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုမှ ပထမဆုံး ပွဲဦးထွက်ရေကြောင်းခရီးစဉ် စတင်လိုက်ပြီး နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးနှင့် အပျော်စီးသင်္ဘောလုပ်ငန်းအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်။ ခရီးသည် ၃,၀၀၀ ကျော် တင်ဆောင်လျက် အဆိုပါသင်္ဘောသည် Shanghai Wusongkou နိုင်ငံတကာပင်လယ်ကူးသင်္ဘောဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီ ၇ ရက်၌ ဆိပ်ကမ်းသို့ ပြန်လည်မဆိုက်ကပ်မီ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် အရှေ့မြောက်အာရှနိုင်ငံများရှိ ခရီးသွားနေရာများသို့ ခရီးပြုမည်ဖြစ်သည်။ Adora Magic City သင်္ဘောသည် အလျား ၃၂၃.၆ မီတာ ရှည်လျားပြီး စုစုပေါင်း အလေးချိန်မှာ တန်ချိန် ၁၃၅,၅၀၀ ရှိကာ စုစုပေါင်း ဧည့်သည်အခန်း ၂,၁၂၅ ခန်းဖြင့် ခရီးသည် ၅,၂၄၆ အထိ တင်ဆောင်နိုင်ကြောင်း သင်္ဘောတည်ဆောက်သူ တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) ရှန်ဟိုင်း Waigaoqiao Shipbuilding ကုမ္ပဏီလီမိတက် (SWS) ထံမှ သိရသည်။

အဆိုပါ သင်္ဘောကြီးတွင် အထပ် ၁၆ ထပ်ပါရှိပြီး ခရီးသည်များ နေရာထိုင်ခင်းနှင့် အပန်းဖြေနေရာ အကျယ်အဝန်း စတုရန်းမီတာ ၄၀,၀၀၀ ရှိကြောင်း သိရသည်။

Adora Magic City ကဲ့သို့သော အပျော်စီးသင်္ဘောကြီးများသည် တရုတ်နိုင်ငံ၏ အလုံးစုံသင်္ဘောတည်ဆောက်မှု စွမ်းဆောင်မှုတွင် အောင်မြင်တိုးတက်မှု အထိမ်းအမှတ်တစ်ခု ဖြစ်ကြောင်း SWS အထွေထွေမန်နေဂျာ Chen Gang က ပြောခဲ့သည်။ သိပ္ပံသုတေသနလုပ်ငန်း ၈ နှစ်၊ ဒီဇိုင်းနှင့် တည်ဆောက်မှုလုပ်ငန်း ၅ နှစ်ကြာပြီးနောက် အဆိုပါသင်္ဘောကြီးကို နိုဝင်ဘာလက လွှဲပြောင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဖင်လန် နိုင်ငံများပြီးနောက် အပျော်စီးသင်္ဘောကြီးများ တည်ဆောက်မှုတွင် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ (Xinhua)

……………………………..
(English Version)
China’s first homegrown large cruise ship starts commercial maiden voyage
SHANGHAI, Jan. 2 (Xinhua) — After several whistles, China’s first domestically-built large cruise ship, the Adora Magic City, left a port in Shanghai on Monday afternoon for its commercial maiden voyage, opening up a new chapter for the country’s shipbuilding and cruise industries.
Carrying more than 3,000 passengers, the ship set off from the Shanghai Wusongkou International Cruise Terminal and is expected to reach Northeast Asian tourist destinations, including Japan and the Republic of Korea, before returning on Sunday.
The Adora Magic City is 323.6 meters in length, has a gross weight of 135,500 tonnes, and can accommodate up to 5,246 passengers across a total of 2,125 guest rooms, according to its builder, the China State Shipbuilding Corporation (CSSC) Shanghai Waigaoqiao Shipbuilding Co., Ltd (SWS).
It has 16 floors and 40,000 square meters of public living and recreational space.
Building large cruise ships like the Adora Magic City marked a leap in China’s overall shipbuilding capacity, said Chen Gang, general manager of the SWS.
After eight years of scientific research and five years of design and construction, the ship was delivered in November. China has become the fifth country, after Germany, France, Italy, and Finland, able to build large cruise ships.