တရုတ်နိုင်ငံသည် Long March-2D သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တု ၃ စင်းကို ဇန်နဝါရီ ၁၃ ရက်က အာကာသအတွင်းသို့ လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တု ၃ စင်းကို အာကာသပတ်ဝန်းကျင် စောင့်ကြည့်လေ့လာခြင်း စသည့် နည်းပညာသစ်များကို ဂြိုဟ်ပတ်လမ်းအတွင်း အကဲဖြတ်စစ်ဆေးခြင်းအတွက် အဓိက အသုံးပြုမည်ဖြစ်သည်။ #ဆင်ဟွာ (Xinhua)...
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ် အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၇ ရက်တွင် ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တု ၆ စင်း ကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုများထဲတွင် အာကာသနည်းပညာစမ်းသပ်ရေးဂြိုဟ်တုအသစ်တစ်ခုနှင့် လေထုသိပ်သည်းမှုဆိုင်ရာ စစ်ဆေးစမ်းသပ်ရေးဂြိုဟ်တု တစ်ခုတို့ ပါဝင်သည်။ (Xinhua)