Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးတွင်နွေဦးပွဲတော်အတွင်း ခရီးသည်ပေါင်းသိန်းနှင့်ချီဖြတ်သန်း

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကြီး နှင့် ကွမ်ကျိုး-ရှန်းကျန့်- ဟောင်ကောင်အမြန်ရထားလမ်းတို့ ကို မကြာသေးမီက ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ၏ ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် အားလပ်ရက်ကာလများအတွင်း အသုံးပြုမှု စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ခရီးသွားများမှာ အမြန် ရထားလမ်းဖြင့် တံတားကြီးဆီ ဖြတ်သန်းသွားလာကြရာ အနောက်ပိုင်း Kowloon ဘူတာတွင်ကောက်ယူထားသည့် စာရင်းများအရ ဖေဖော်ဝါရီလ ၆ ရက်နေ့ တစ်ရက်ထဲတွင် ခရီးသွားပေါင်း ငါးသောင်းသုံးထောင်ကျော် ဝင်ရောက်ခဲ့ပြီး လေးသောင်းသုံးထောင်ကျော် ထွက်ခွါခဲ့ကြောင်းသိရသည်။ အဆိုပါ ခရီးသွားအရည်အတွက်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ၌ ဘူတာရုံဖွင့်လှစ်ပြီးနောက်တွင် စံချိန်တင် အများဆုံးအရည်အတွက်ဖြစ်လာခဲ့သည်။ ထို့အပြင် ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကြီးတွင်လည်း တစ်ရက်လျင်ခရီးသွားပေါင်း တစ်သိန်းလေးသောင်းဝန်းကျင် ဝင်ရောက်မှုကြောင့် တံတားဖွင့်လှစ်ပြီးချိန်မှ ယခုအချိန်အထိ ခရီးသွားပြည်သူအသုံးပြုမှုအများဆုံးတံတားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.