Connect with us

Videos

ရေခဲဆီးနှင်းများပေါ်တွင် အခက်အခဲမရှိသွားလာနိုင်သည့် သံလမ်းမဲ့ ရထား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မောင်းသူမဲ့နည်းပညာသုံး အီလက်ထရောနစ် သံလမ်းမဲ့ ရထားကို ဟာဘင်မြို့တွင် ရေခဲဆီးနှင်းများဖြင့် အေးခဲနေသည့် ရာသီဥတုအတွင်း အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ကြောင်း သိရသည်။ ရေခဲများဖြင့် ဖုံးလွှမ်းနေသည့် လမ်းများပေါ်တွင် ရထားမှာ အဆင်ပြေစွာ ပြေးဆွဲနိုင်ခြင်းရှိမရှိ စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်မှုရလဒ်အရ ရေခဲဆီးနှင်းများတွင် အခက်အခဲမရှိသွားလာနိုင်ကြောင်းသိရသည်။ သံလမ်းမဲ့ ရထားကို တရုတ်နိုင်ငံ တွင် ၂ဝ၁၈ ခုနှစ် မေလတွင် စတင် မောင်းနှင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ သံလမ်းမဲ့ အလိုအလျောက်မောင်းနှင်နိုင်သည့် ရထားများကို တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင်လည်း မကြာခင် စမ်းသပ်ပြေးဆွဲ တော့မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.