Videos
ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး ၎င်း၏ခွဲစိတ်စွမ်းရည်တိုးတက်စေရန် စပျစ်သီးဖြင့်လေ့ကျင့်၊နားကြပ်တံဖြင့်အစာစား
ဟူနန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှ Zhou Jianbo ဆိုသူ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးမှာ ၎င်း၏ ခွဲစိတ်မှုစွမ်းရည် တိုးတက်စေရန်အတွက် စပျစ်သီးဖြင့် လေ့ကျင့်ကြောင်းသိရသည်။ ၎င်းမှာ လူ့ခန္ဓာကိုယ်ရှိ သေးငယ်သော သွေးကြောများကို ခွဲစိတ်ဖြတ်တောက်ရာတွင် စိတ် နှင့် လက်အနေအထား တည်ငြိမ်မှုရှိစေရန် ၊ အထောက်အကူဖြစ်စေရန်အလို့ငှာ စပျစ်သီး ကို အသုံးပြု၍ လေ့ကျင့်ခြင်းဖြစ်သည်။ ထို့အပြင် လက်အယူအဆများ ကို ချင့်ချိန်နိုင်ရန်အတွက်လည်း နေ့လည်စာစားသည့်အချိန်တွင် ထမင်းစာတူကိုအသုံးမပြုဘဲ နားကြပ်တံဖြင့်သာထမင်းစားသောက်လေ့ရှိသည်။ ၎င်း၏ အလုပ်ထဲတွင် စိတ်နှစ်ကာ လေ့ကျင့်ပုံ ကိုအောက်ပါvideo ထဲတွင်မြင်တွေ့နိုင်ပါသည်။ (Xinhua)