Connect with us

Videos

0.003 မီလီမီတာအထိ တိကျစွာ ပုံတူပြုလုပ်ဖန်တီးပေးနိုင်သည့် smart machine

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာ ပုံပြင်များထဲက မျောက်မင်းစွန်းဝူခုန်း၏ လက်စွဲတော်ရွှေရောင်မှော်တုတ်တံများကို smart machine ကျေးဇူးဖြင့် ယနေ့ခေတ်တွင် မျက်မြင်လေ့လာနိုင်ပြီဖြစ်သည်။ အဆိုပါ မှော်တုတ်တံများကို ပုံပြင်ထဲကအတိုင်း ရှုပ်ထွေးခက်ခဲသည့် အသေးစိတ် စာလုံးထွင်းခြင်းနှင့် ပုံဖော်ခြင်းတို့ကို Smart machine က ပြုလုပ်ခြင်းဖြစ်သည်။ Smart machine ဖြင့် ခက်ခဲရှုပ်ထွေးသည့် ပေကျင်း ငှက်သိုက်ပုံ အမျိုးသားအားကစားရုံ အဆောက်အဦပုံစံတူကိုလည်းလျင်မြန်စွာ ဖန်တီးနိုင်သည်။ လူ့ဆံပင်၏ ၂၅ ပုံ ၁ပုံနှင့်ညီမျှသည့် 0.003 မီလီမီတာအထိ တိကျစွာ ပုံတူပြုလုပ်ဖန်တီးပေးခြင်းဖြစ်သည်။ အဆိုပါ smart machine ကို i5 integrated smart tool maker ဟုလည်းခေါ်ပြီး တရုတ်နိုင်ငံ၏ ခေတ်ရှေ့ပြေးနည်းပညာ ပစ္စည်းများထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Shenyang Machine Tool Co., Ltd ကထုတ်လုပ်ထားသည်။ အဆိုပါ ကိရိယာကို အာကာသနည်းပညာပစ္စည်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများ နှင့် အတိအကျဖန်တီးထုတ်လုပ်ရန်လိုအပ်သည့် စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်သည်။ ကုမ္ပဏီက အဆိုပါ နည်းပညာပစ္စည်းထုတ်လုပ်ရန် ၂ဝဝ၇ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၁၆၆.၃ မီလီယံ အကုန်ကျခံကာ လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.