Connect with us

Videos

တရုတ်နိုင်ငံက ပြည်ပကုန်သွယ်ရေး အလေးထား ဆောင်ရွက်မည်

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကုန်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ကျုံးစန်း (Zhong Shan) မတ်လ ၃ ရက်က ကျင်းပခဲ့တဲ့ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဖွင့်ပွဲ အခမ်းအနားမှာ သတင်းစာဆရာတွေက တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၎င်းက တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေး မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

ကုန်သွယ်ရေးဝန်ကြီး ကျုံးစန်း (Zhong Shan) က တရုတ်နိုင်ငံ အနေနှင့် အနာဂတ်မှာ ပြည်ပကုန်သွယ်ရေးကို ပိုမိုအလေးထားသွားမှာ ဖြစ်ကြောင်း၊ ကြီးမားတဲ့ ပြည်ပ ကုန်သွယ်ရေးကဏ္ဍမှာ ခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထိုကိစ္စက ကုန်သွယ်မှု အင်အားကြီးနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံအတွက် အရေးကြီးကြောင်း၊ လွန်ခဲ့သည့်လများအတွင်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးမှာ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ သို့ရာတွင် အချို့သောနိုင်ငံများက ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒ ကျင့်သုံးမှုကြောင့် စိုးရိမ်ဖွယ်များ ရှိနေကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ပြည်ပကုန်သွယ်မှုတွင် အရေအတွက်ထက် အရည်အသွေး တိုးတက်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.