Connect with us

Videos

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံအတွက် ကူညီတည်ဆောက်ပေးသည့်ကမ်းရိုးတန်းမြို့

ကိုလံဘို၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံအတွက် မြို့သစ်တစ်ခုအဖြစ် တရုတ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာထဲမှ ကုန်းမြေများကို ဆယ်ယူကာ ကိုလံဘိုကမ်းရိုးတန်းမြို့သစ်ဖန်တီးခဲ့သည်။

ဧရိယာအကျယ်အဝန်းအားဖြင့် ၂.၆၉ စတုရန်း ကီလိုမီတာ အကျယ်အဝန်းရှိသည့် အဆိုပါ မြို့သစ်စီမံကိန်း အား သီရိလင်္ကာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ China Harbor Engineering Company (CHEC) တို့ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပြု တင်သွင်းသည့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုတွင်ပါဝင်သည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် အဆိုပါ မြို့သစ်ကို စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတွင် မြေနေရာတည်ဆောက်ပုံများ၊ အခြေခံအဆောက်အဦဆိုင်ရာအုတ်မြစ်ချမှုများဆောင်ရွက်နိုင်ပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးရန် ကြာချိန်မှာ ၂၅ နှစ်အထိ ရှိမည်ဟုသိရသည်။ ကိုလံဘို ကမ်းရိုးတန်းမြို့သစ်စီမံကိန်း သည် သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံး နိုင်ငံခြားရင်းနှှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် စီမံကိန်းလည်းဖြစ်ပြီး အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ၊ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များ၊ လူနေအိမ်များနှင့် နိုင်ငံတကာ ဖျော်ဖြေရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်မည့် မြို့သစ်တစ်ခုအသွင်းဒီဇိုင်းဆွဲကာ ပုံဖော်တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.