Connect with us

Videos

တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေငန်ကန်တစ်ခုလုံး ရေခဲပြင်အတိရေခဲလျက်ရှိ

ချင်းဟိုင်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေငန်ကန်ကြီးတစ်ခုဖြစ်သည့် ချင်းဟိုင်ကန်မှာ ကန်ရေပြင်တစ်ခုလုံး ရေခဲပြင်အတိ ရေခဲလျက်ရှိသောကြောင့် နေထွက်ချိန်တွင် ဝေဟင်မှကြည့်ပါက ကြီးမားသည့် မှန်ကြီးတစ်ချပ်အသွင်မြင်တွေ့ရမည်ဖြစ်သည်။ အဆိုပါ ကန်ကြီးမှာ ၂ဝဝ၅ ခုနှစ် က စတင်ကာ ၁၇ဝ စတုရန်းကီလိုမီတာအထိကျယ်ပြောလာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေငန်ကန် တစ်ခုအဖြစ်သတ်မှတ်ထားခြင်းခံရသည်။ မကြာသေးမီနှစ်များက ကန်အနီးတဝိုက်တွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှုများပြုလုပ်ခဲ့ပြီး ဇီဝမျိုးစိတ်မျိုးကွဲများကို အထူးထိမ်းသိမ်းကာကွယ်စောင့်ရှောက်မှုများပြုလုပ်ခဲ့ရာ ယခုတွင် ရှားပါးမျိုးစိတ်ပေါင်းများစွာ၏ အရေအတွက်များမှာ ၉ဝခုနှစ်များဆီက မျိုးစိတ်ပေါင်း ၁၈၉ ရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ်တွင် ၂၂၃ အထိ တိုးတက်လာခဲ့ပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.