Connect with us

Videos

တရုတ်နိုင်ငံက အာကာသ စခန်း၏ အဓိက အစိတ်အပိုင်း ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

ဝမ်ချန်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဧပြီ ၂၉ ရက်တွင် အာကာသစခန်း၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည့် Tianhe module အား လွှတ်တင်ခဲ့ရာ ယင်းမှာ လာမည့်နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးမည့် အာကာသစခန်း တည်ဆောက်ခြင်း လုပ်ငန်း၏ အဓိက ကျသော လွှတ်တင်မှုများထဲမှ တစ်ခုဖြစ်လာသည်။

Long March-5B Y2 ဒုံးကျည်က Tianhe module အား သယ်ဆောင်ကာ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်းမှလွှတ်တင်ခဲ့ခြင်းဖြစ်သည်။Tianhe သည် ကောင်းကင်နန်းတော်ဟုတင်စားခေါ်ဝေါ်သည့် Tiangong အာကာသစခန်း၌ စီမံခန့်ခွဲမှုနှင့်ထိန်းချုပ်ရေးလုပ်ငန်းများအားလုပ်ဆောင်မည်ဖြစ်သည်။

Tianhe သည် စုစုပေါင်းအရှည် ၁၆.၆ မီတာရှိပြီး အချင်း ၄.၂ မီတာရှိကာ တန်ချိန် ၂၂.၅ တန်အလေးချိန်ရှိသည်။၎င်းမှာတရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အကြီးဆုံး အာကာသယာဉ် လည်းဖြစ်သည်။
အာကာသစခန်းမှာ T သဏ္ဍာန် တည်ဆောက်မည်ဖြစ်ပြီး အဓိက အစိတ်အပိုင်း Tianhe module အား အလယ်ဗဟိုတွင် တပ်ဆင်မည်ဖြစ်ပြီး သုတေသန ခန်းအားတစ်ဖက်တစ်ချက်စီတွင်တည်ဆောက်သွားမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.