Connect with us

Media

တရုတ်နိုင်ငံထုတ် ကားရထားများ အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင် စမ်းသပ်ပြေးဆွဲ

ချီကာဂို ၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်ရေးလုပ်ငန်း CRRC ၏ အမေရိကန်ပြည်ထောင်စု တွင်တည်ရှိသောထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ထားသည့် ကားရထားများ ချီကာဂိုတွင်စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

အတွဲ ၈ တွဲပါဝင်သည့် ကားရထားမှာ ချီကာဂို O’Hare Int’l နိုင်ငံတကာလေဆိပ်မှချီကာဂို မြို့လယ် သို့ စမ်းသပ်ပြေးဆွဲခြင်းဖြစ်သည်။

အဆိုပါ ကားရထားမှာ CRRC Sifang America မှ ချီကာဂို Chicago Transit Authority (CTA) အတွက်ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကားရထားများ၏ အမြန်ဆုံးပြေးဆွဲနိုင်သည့် အရှိန်နှုန်းမှာ တစ်နာရီလျှင် ၇၀ မိုင်နှုန်းရှိသည်။

CTA သည် CRRC Sifang America မှ ကားရထား ၁၀ စင်းအား ခရီးသည် မတင်ဆောင်မီ ပြီးခဲ့သည့်နွေရာသီက စမ်းသပ်မောင်းနှင်ခဲ့သည်။ ကားရထားများ၏ ရာသီဥတု အလိုက်စွမ်းဆောင်ရည်နှင့် လမ်းအနေအထားတို့အပေါ် မောင်းနှင်နိုင်စွမ်းများအားစမ်းသပ်ခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ပြေးဆွဲခြင်းအား ၉ လကြာ ဆောင်ရွက်မည်ဖြစ်ကာ ကားရထား အသုတ်လိုက်ထုတ်လုပ်ပြီးစီးပါက ပို့ဆောင်ရေး စတင်မည်ဖြစ်သည်။

CRRC Sifang America သည် Chicago Transit Authority သို့ ကားရထား ၈၄၆ စင်း ရောင်းချမည့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန် သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်တွင်ချုပ်ဆိုနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.